Thursday, April 12, 2012

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်





 မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၇ ရက်နေ့မှ ၁၀ ရက်နေ့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန် အခါတော်ဖြစ်ပါသည်။ ဤအခါ သမယတွင် မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးများအား ပူဇော်သက်က္ကာရပြုခြင်း၊ ရှင်ပြုရဟန်းခံ အလှူမင်္ဂလာများကျင်းခြင်းနှင့် တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်းစသော မင်္ဂလာအမှုတို့ကို ပြုမြဲဖြစ်ပါသည်။ ထို့အပြင် နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါးတို့၌ အညစ်အကြေးများရှိခဲ့ပါက ဆေးကြေးသန့်စင်သည့် အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကြည်လင်သန့်ရှင်း မွှေးပျံသင်းသည့် နံ့သာရည်များကို သပြေခက်ဖြင့် ပတ်ဖျန်းကြသည့် ဓလေ့အစဉ်အလာလည်း ရှိပါသည်။ သို့သော် လူငယ်တို့သဘာဝ အပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားကို အနာတရဖြစ်စေခြင်း၊ တစ်ဖက်သား မခံမရပ်နိုင်သည်အထိ နောက်ပြောင်မိခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အန္တရာယ် ကျရောက်ခြင်း စသည့် အမင်္ဂလာများလည်း သက်ရောက်တတ်ပါသည်။ ထို့ကြောင့် ၁၃၇၃ ခုနှစ် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရ၊ မြန်မာမှုမြန်မာဟန် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန် စသည့် ရွယ်ချက်များနှင့်အညီ ကျင်းပသွားရန်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သော ရည်ရွယ်ချက်များကို ထိန်းသိမ်းသောအားဖြင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ ပြုမူမှုများ၊ ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်း ကြမ်းတမ်းစွာပြောဆိုမှုများ၊ သူတစ်ပါးအား ဒဏ်ရာအနာတရ ဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ၊ တစ်ပါးသူ (သို့မဟုတ်) အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချက်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းစသည့် အပြုအမှုများအား ရှောင်ကြဉ်ကြပါရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ထားပါသည်။
Myanmar Express 
Unknown at 8:49 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.