လွှတ်တော်တွင်းတင်သွင်းမည့် အဆိုကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ဒီချုပ်ကိုယ်စားလှယ်များအား ဧပြီ ၁၉၊ ၂ဝ ရက်များ၌ ဒီချုပ်ရုံးချုပ်တွင် အစည်း အဝေး ခေါ်ယူထားကြောင်း သိရသည်။
လွှတ်တော်တက်ဖြစ်မယ်။ မတက်ဖြစ်ဘူးက မသေချာသေးပါဘူး။ ဒါပေမဲ့ လွှတ်တော်ထဲရောက်ရင် လုပ်ဆောင်ရမယ့် ကိစ္စတွေ၊ တင်သွင်းမယ့်အဆိုတွေ အတွက် တိုင်ပင်ဆွေးနွေးဖို့ ၄၃ ယောက်လုံးကို အစည်းအဝေး ခေါ်ထားတာပါ” ဟု မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ အနိုင်ရကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
ယင်းနှင့်ပတ်သက်၍ ဒက္ခိဏသီရိမြို့နယ်မှ အနိုင်ရကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ဦးနိုင်ငံလင်းကလည်း အစည်းအဝေး ခေါ်ယူထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် သင်တန်းသဘောမျိုးပေးရန် ရှိသည်ဟု ကြားသိမိကြောင်း ဆိုသည်။
ဧပြီလ ၁ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ဧပြီလ ၂၃ ရက် တွင် ခေါ်ယူမည့် လွှတ်တော်တွင် လွှတ်တော်အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ ပထမဆုံးလွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ၂ နေရာ အသီးသီး တက်ရောက်ရမည် ဖြစ်သည်။ သို့ရာတွင် အခြေခံဥပဒေ၌ ပါရှိသည့် ကျမ်းကျိန် စကားရပ်အချို့နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် ဒီချုပ်မှ တောင်းဆိုထားပြီး ယင်းစကားရပ်အား ပြင်ဆင်ပေးမှု မရှိလျှင် လွှတ်တော် တက်ဖြစ်မည်မှာ မသေချာကြောင်း သိရသည်။ ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တက်ဖြစ်မည် မတက်ဖြစ်မည်နှင့် အခြေခံဥပဒေပါ စကားရပ်အား ပြင်ဆင်ပေးမည် မပေးမည်မှာ ယခုထိ အငြင်းပွား လျက်ပင် ဖြစ်သည်။
ဥာဏ်လင်းအောင်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge