Thursday, April 12, 2012

ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့လှည့်လည်ဖျော်ဖြေခွင့်ရရှိ

» ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့လှည့်လည်ဖျော်ဖြေခွင့်ရရှိ
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 12 Apr, 2012

ရန်ကုန်မြို့မဟာသင်္ကြန်အကြိုနေ့ ပြည်လမ်းမပေါ်ပုဂံလေကြောင်းရေကစားမဏ္ဍုပ်ကို နေ့လည် ၁၂  နာရီတွင် ဖွင့်လှစ်ရာ သံချပ်အဖွဲ့လာရောက် ဖျော်ဖြေခဲ့ပြီး အဆိုပါ သံချပ်အဖွဲ့တွင် ဦးမေတ္တာ၊ ဦးဗေလုဝ၊ ဦးကုသိုလ်တို့ ခေါင်းဆောင်၍ တခြားလူရွှင်တော် ၂၀ ဦးခန့်ပါဝင်ကြောင်း သိရှိရသည်။
 
“ကျတော်တို့ ဒီလိုသံချပ်အဖွဲ့ သံချပ်ကားထွက်ခွင့်ရအောင် ပြန်ကြားရေးဝန်ကြီးဌာနမှာ ခွင့်ပြုချက်တင်ရပါတယ်” သံချပ်တွင် စီမံရေးတာဝန်ခံ ဦအောင်သိန်းကပြောသည်။
 
သံချပ်သံများကို ၁၉၈၇ ခုနှစ်ခန့်ကစ၍ မကြားတော့ကြောင်း သံချပ်အဖွဲ့ဖြစ်မြောက်ရန်အတွက် ငွေကျပ် သိန်းနှစ်ဆယ်ခန့်ကုန်ကျကြောင်း သိရှိရသည်။
 
အဆိုပါ သံချပ်ကား၏အမည်မှာ သာဓုပါဗျာဟုအမည်ပေးထားကြောင်း သိရှိရသည်။
 
“ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျတော်တို့နေတဲ့အိမ် ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျတော်တို့နေတဲ့အိမ်”ဟု ဦးဗေလုဝ ဦးဆောင်၍ သံချပ်တိုက်ကြသည်။
သာဓုပါဗျာသံချပ်ကားသည် မြို့အနှံ့လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။
ယခု သင်္ကြန်အကြိုနေ့တွင် ပုဂံလေကြောင်းမှ ဦးတေဇ၏ ဖိတ်ကြားမှုဖြင့်လာရောက်ဖျော်ဖြေကြောင်း စီမံရေးတာဝန်ခံ ဦးအောင်သိန်းက ပြောသည်။
“ကျတော်တို့ ဒီလိုအသံတွေမကြားရတာ အနှစ်နှစ်ဆယ်ကျော်သွားပြီ ဒီလိုကြားတော့ ကျတော်တို့ငယ်ငယ်တုန်းက သင်္ကြန်ကို ပြန်သတိရတယ်ဗျာ နှစ်တိုင်းလဲ ဒီလိုဖြစ်စေချင်တယ် ဒီနှစ်သင်္ကြန်တော့ ထူးထူးခြားခြားစကြားရတယ်”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော အသက်လေးဆယ်အရွယ် ဦးမျိုးကျော်က ပြောသည်။
သစ်ထူးလွင်
Unknown at 9:33 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.