Sunday, April 1, 2012

မိဘများက မဆုံးမထားတဲ့အတွက် ရိုက်ဆုံးမရတာလို့  ပြောတယ်ဆိုရင် ရဟန်းသံဃာတော်တွေကိုပါ ရိုက်ခဲ့တာတွေက အဲ့ဒီလုံထိန်းတွေကိုလည်း သူတို့ မိဘတွေက မဆုံးမထားတာဘဲ။

တိုင်ရီဖိနပ်စက်ရုံအလုပ်သမားတွေ သူတို့ ရသင့်တဲ့ အခွင့်အရေးတွေအတွက် အေးချမ်းစွာ အကြမ်းမဘက်ဘဲ ဆန္ဒပြတာကို လုံထိန်းအဖွဲ့ က ရိုက်ပြီး “မိဘများက မဆုံးမထားတဲ့အတွက် ရိုက်ဆုံးမရတာ” လို့  ပြောတယ်ဆိုရင် ရဟန်းသံဃာတော်တွေကိုပါ ရိုက်နှက်ခဲ့တာတွေက အဲ့ဒီလုံထိန်းတွေကို သူတို့ မိဘတွေကလည်း မဆုံးမထားလို့ ဘဲ ဖြစ်ရမယ်။

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားဆန္ဒပြပွဲအား လုံထိန်းအဖွဲ့ကရိုက်နှက်ကာ မိဘများက မဆုံးမထားတဲ့အတွက် ယခုလိုကိုယ်စားဆုံးမခြင်းဖြစ်ကြောင်း။

(သတင်း - နန္ဒာ စစ်အောင်)။

(၃၀၊၃၊၂၀၁၂) ရက်နေ့ မနက်ပိုင်းတွင် ဖြစ်ပွားသော တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားဆန္ဒပြပွဲအား လုံထိန်းအဖွဲ့က ရိုက်နှက်နှိမ်နင်းကာ မိဘများက ဆုံးမထားခြင်း မခံရတဲ့သူတွေဖြစ်လို့ သူတို့အနေနဲ့ လိမ္မာအောင်လာရောက် ယခုလိုကိုယ်စား ဆုံးမခြင်းဖြစ်ကြောင်း ပြောဆိုကာ ဒိုင်းများဖြင့်တွန်းခြင်း၊ တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ဖိနပ်ဖြင့်နင်းခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

































အဆိုပါ နှိမ်နင်းမှုကြောင့် ခေါင်းထိသူ ၁ဦး၊ နှာခေါင်းထိသူ၁ဦး၊ လက်ထိသူ၁ဦး၊ နောက်စိနှင့် လက်မောင်းအား ၂ဦး ထိခိုက်ကာ ၁ဦးမှာ မေ့လဲသွားကြောင်း သိရပါသည်။
မေ့လဲသွားသော အလုပ်သမားအတွက် လိုအပ်သောဆေးဝါးအား နီးစပ်ရာ ဆေးဆိုင်တွင် သွားရောက်ကာ ၀ယ်ယူသော်လည်း အဆိုပါဆေးဆိုင်ပိုင်ရှင်မှာ မရောင်းချရဲဘဲ ဖြစ်နေပါသည်။
သို့သော် ဒုတိယအကြိမ် ၀ယ်ယူရာတွင် အဆိုပါဆေးဆိုင်ပိုင်ရှင်က သနားကာ ရောင်းချလိုသော်လည်း လုံထိန်းများက ယင်းဆေးဆိုင်းအား ပိတ်လိုက်ကြောင်း သိရပါသည်။
ထိခိုက်ဒါဏ်ရာရသူများမှာ မစုဝေလှိုင်၊ မခိုင်သဇင်နှင့် မကေသီ အပါအ၀င် ၆ဦး ခန့်ရှိကြောင်းနှင့် အခြား ၃ဦးအမည်မှာမူ မသိရသေးပါ။ ကျန်အများစုမှာ အနည်းငယ် ဒါဏ်ရာကိုယ်စီရရှိခဲ့ပါသည်။
ဖြစ်ပွားပုံမှာ (၃၀၊၃၊၂၀၁၂) ရက်နေ့ မနက် (၈း၀၀) နာရီတွင် အလုပ်သမား (၁၃၀၀) ခန့်သည် မရမ်းကုန်းမြို့နယ်ရှိ ၀ါဏ္ဍိစ ရုံးသို့ ၄င်းတို့၏ အလုပ်သမားအခွင့်အရေးများ တောင်းဆိုရန် စီစဉ်နေစဉ် လုံထိန်းများ ရောက်ရှိလာပြီး စည်းတားကာ စည်းကိုကျော်လွန်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုကာ ထိုသို့ရိုက်နှက်ကာ နှိမ်နင်းခဲ့ပါသည်။ အဆိုပါ လုံထိန်းများအား စက်ရုံပိုင်ရှင်မှ ခေါ်ထားခြင်းဖြစ်ကြောင်း အလုပ်သမားများမှ ပြောကြားပါသည်။
အခင်းဖြစ်ပွားစဉ်တွင် အဆိုပါစက်ရုံအား ၀င်လို့မရအောင် လမ်းထိပ်တိုင်းအား ပိတ်ဆို့ထားကြောင်း သိရပါသည်။ (၉း၀၀) နာရီခန့်တွင် အလုပ်သမားရေးရာ တာဝန်ရှိသူများလာရောက်ပြီး ညှိနှိုင်းဆွေးနွေးကာ ၁နာရီ လုပ်ခ-၁၂၀ကျပ်၊ ရက်မှန်ကြေး ၇၀၀၀ကျပ်၊ အချိန်ပိုလုပ်ခ ၁၈ ရက်အတွက်ပေးရန် သဘောတူညီခဲ့ပါသည်။

အဆိုပါ ဒါဏ်ရာရအလုပ်သမားများအား ယခုချိန်ထိ ဆေးဝါးကုသပေးမှု မရှိသေးပါ။ ဆန္ဒပြတောင်းဆိုသဖြင့် အလုပ်ရှင်သူဌေးမှ ယနေ့အတွက် ရက်မှန်ကြေး (ပထမ ၁၅ရက်စာအတွက်) ၃၅၀၀ကျပ်၊ ယနေ့လုပ်ခ ၉၆၀ ကျပ်၊ တာဝန်ကျေကြေး ၄၅၀ကျပ်၊ ဆုကြေး ၄၅၀ကျပ်၊ အတတ်ပညာကြေး ၃၀၀၊ အခြား ပေးငွေ ၃၀၀ကျပ်၊ စုစုပေါင်း ၅၅၁၀ကျပ်အား ဖြတ်တောက်ကြောင်း ပြောကြားခဲ့ပါသည်။

(ဒီလို မတရားမှုတွေ အကြမ်းဘက်ရိုက်နှက် အနိုင်ကျင့်စော်ကားမှုတွေကို လက်ရှိ သိန်းစိန်ဦးဆောင်နေပါတယ်ဆိုတဲ့သူတွေက ဘယ်လို တရားသဖြင့် အမြန်ရှင်းပေးမှာလည်း၊ ဒါမျိုးတွေ နောက်နေ့ တွေအထိ မြန်မာပြည်မှာ ဆက်ဖြစ်နေသေးတယ်ဆိုရင် သိန်းစိန်တို့ ကို နည်းနည်းလေးတောင် ယုံကြည်ရပါ့မလားဆိုတာ သိန်းစိန်တို့  ပြန်ဖြေရှင်းပြပါဦး)။

NIKNAYMAN
Unknown at 9:31 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.