Friday, April 13, 2012

နှစ်သစ်ဆုတောင်း


မြန်မာ့ရိုးရာသင်္ကြန်ပွဲကြီး ရောက်လာခဲ့ပြန်ပါပြီ။ တစ်နည်းအားဖြင့် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်း ပါတော့မယ်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲဟာ တစ်ခြားပွဲတော်တွေနဲ့ မတူပဲ မြန်မာ တစ်မျိုးသားလုံး အူလှိုက် အသဲလှိုက် ပျော်ရွှင်ကြတဲ့ ပွဲတော်ဖြစ်ပါတယ်။
ဒီနှစ်သင်္ကြန်ပွဲ ကတော့ဖြင့် တော်တော်ကို ထူးထူးခြားခြား ရှိတယ်လို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် မြန်မာ့ နိုင်ငံငံရေး အသွင်ကူးပြောင်းမှုတွေ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းလာခဲ့တာ အတော်လေးကို Smooth transition ရှိတယ်၊ ချောချောမွေ့မွေ့ ရှိတယ်လို့ ဆိုချင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီလို့ ဆိုရမယ့် NLD မပါဝင်ခဲ့လို့ အပြည့်အဝ မအောင်မြင်ခဲ့ဘူးလို့ ဆိုရမယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ NLD ပါတီ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခဲ့တာကြောင့် နိုင်ငံတကာ ကလည်း အတော်လေး အာရုံစိုက်ခဲ့တာ တွေ့ရတယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာလည်း အားလုံးမျှော်လင့် ထားတဲ့ အတိုင်း လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း ချီးကျူး ထော်ပနာ ပြုခဲ့တယ်။ အမေရိကန် အစိုးရဆိုရင်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ တစ်ဆင့်ပြီး တစ်ဆင့် ရုတ်သိမ်းဖို့ ပြင်ဆင်နေတာ တွေ့ရတယ်။
အဲဒါကြောင့် ဒီနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲဟာဖြင့် ထူးခြားတဲ့ နှစ်ဖြစ်တယ်လို့ ပြောရခြင်းဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံ ဆူပူ အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ အသွင် ကူးပြောင်းရေး အခုလို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ နိုင်ငံသားတစ်ဦး အနေနဲ့ ဂုဏ်ယူလို့ မဆုံးဖြစ်မိတယ်။ အရင်က နိုင်ငံတကာရောက် မြန်မာ နိုင်ငံသားတွေ မြန်မာ့ပြဿနာ၊ မြန်မာ့ ပြဿနာဆိုပြီး မီဒီယာတွေမှာ ရေးနေတာကြောင့် မျက်နှာငယ်ချင် ငယ်ရမယ်။ အခုတော့ မီဒီယာ မျက်နှာစာတွေမှာ Historic Change ဆိုတဲ့ စာလုံးတွေနဲ့ အစားထိုး ဖော်ပြလာတာကြောင့် မြန်မာ နိုင်ငံသားတွေ ဂုဏ်ယူနိုင်ကြပါပြီ။ ချောမွေ့တဲ့ အပြောင်းအလဲ၊ အောင်မြင်တဲ့ အပြောင်းအလဲနဲ့ အတူ အမိမြန်မာ နိုင်ငံတော်ကြီး တိုးတက်အောင်မြင် ပျော်ရွှင်ချမ်းမြေ့ ပါစေကြောင်းဘကြီးသက် က နှစ်သစ်မှာ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ 
ကျေးစေတမန် ၏ ဆုတောင်းအား ဘကြီးသက်မှ ပြန်လည်ကူးယူဆုတောင်းလိုက်ပါတယ်။
Unknown at 12:40 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.