Wednesday, April 18, 2012

ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲမှာ ပါရှိနေပါသေးတယ်။

Photo courtesy of UN web site
ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းဖော်ပြချက်
ကုလသမဂ္ဂက လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ ညွှန်းကိန်းပြုစုရာမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ဖွံ့ဖြိုးမှုတွေကို လေ့လာရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၉ မှာရှိနေတဲ့အတွက် ဖွံ့ဖြိုးမှုနှုန်း နည်းလွန်းတဲ့နိုင်ငံတွေ စာရင်းထဲမှာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။
HDI ပျမ်းမျှခြင်း ညွှန်းကိန်းတစ်ခုရဖို့ အခြေခံတိုင်းထွာတဲ့ အချက် ၃ ချက်က-အသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှု၊ ပညာဗဟုသုတ ရှာဖွေဆည်းပူးနိုင်မှုနဲ့ လူနေမှုအဆင့်အတန်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် အနည်းငယ်သာနေတဲ့ နိုင်ငံတွေကတော့ အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်က လူတစ်ဦးခြင်းစီရဲ့ ပျမ်းမျှ အသက်ရှည် နေထိုင်နိုင်မှုဟာ ၅၅ နှစ်သာရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ ပျမ်းမျှ ၆၅ နှစ်အထိ ရှိပါတယ်။
ဒါ့အပြင် ပညာသင်ကြားမှု နှစ်ကာလကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ထက် တဖြည်းဖြည်း သာလာသလို လူနေမှုအဆင့်အတန်းကို တိုင်းထွာတဲ့ ပျမ်းမျှဝင်ငွေအပိုင်းမှာလည်း များလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားပါတယ်။

RFA
Unknown at 2:10 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.