Monday, March 12, 2012

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်မှု ပြန်လည်ပြုလုပ်ရန် စဉ်းစားနေသည့် Suzuki


Osamu Suzuki with Suzuki Alto
Suzuki ကားသစ်တစ်စီးနှင့်အတူ တွေ့ရသည့် Suzuki Motor Corp. ၏ ဥက္ကဌကြီး Osamu Suzuki
Suzuki Motor Corp. သည် ၂၀၁၀ နှစ်ကုန်ပိုင်း၌ မြန်မာအစိုးရနှင့် ဖက်ဆပ်သဘောတူစာချုပ် သက်တမ်း ကုန်ဆုံးသွားသဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီးနောက် ယခုအခါ မြန်မာနိုင်ငံအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှု ပြန်လည်လုပ်ကိုင်ရန် စဉ်းစားနေကြောင်း ကုမ္ပဏီ အရာရှိများက ကြာသပတေးနေ့ (မတ်လ ၈ ရက်) က ပြောကြားလိုက်သည်။
နိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းများကြောင့် မြန်မာ့စီးပွားရေး တိုးတက်လာနိုင်သည်ဟု မျှော်လင့်ကာ အဆိုပါ ဂျပန်မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းကြီးသည် မြန်မာနိုင်ငံအတွင်း ကုမ္ပဏီသစ်အဖြစ် ဖွဲ့စည်း လုပ်ကိုင်နိုင်ရန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် စီးပွားဖက်ကို ရှာဖွေနေသည်ဟု ကုမ္ပဏီ အရာရှိများက ဆိုသည်။
ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းစာလျှင် လုပ်သားငှားရမ်းခ သက်သာသော လုပ်သားအင်အား အမြောက်အများရှိရာ မြန်မာနိုင်ငံသို့ လုပ်ငန်းတိုးချဲ့ရန် ဂျပန်ကုမ္ပဏီအများအပြားက ကြိုးပမ်းနေကြကြောင်းလည်း သိရသည်။
Suzuki အနေဖြင့် ယခင် ဖက်ဆပ်လုပ်ကိုင်ခဲ့စဉ်က အသုံးပြုခဲ့သော စက်ရုံအား ပြန်လည် အသုံးပြုနိုင် မပြုနိုင်ကိုလည်း စဉ်းစားနေသည်ဟု အရာရှိများ၏ အဆိုအရ သိရသည်။
၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး နောက်တစ်နှစ်တွင် မြန်မာနိုင်ငံအတွင်း မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ ထုတ်လုပ်ရောင်းချခဲ့သော ယခင် ဖက်စပ်လုပ်ငန်းတွင် Suzuki ကုမ္ပဏီအနေဖြင့် ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့သည်။
Unknown at 8:48 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.