Friday, March 2, 2012

တာမွေမြို့ နယ် NLD လူငယ်တဦးအား တာမွေရဲမှ ခေါ်ယူစစ်ဆေး

နယ် NLD လူငယ်တဦးအား တာမွေရဲမှ ခေါ်ယူစစ်ဆေး 29.2.2012 ရက်နေ့ မွန်းလွဲ သုံးနာရီခွဲ အချိန်ခန့်တွင် တာမွေမြို့ နယ် ရဲစခန်းမှ နယ်ထိန်းရဲ ကြည်လင်း ဆိုသူမှ တာမွေမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်တဦးဖြစ်သည့် ကိုအေးမင်းအား မလွှကုန်းဌေးကြွယ် ( က ) ရပ်ကွပ်ရုံးသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်။ ခေါ်ယူစစ်ဆေး မေးမြန်းသည့်အကြောင်းရင်းမှာ 5000 ကျပ်တန်းဆင်းကဒ်များ ဖြစ်ပေါ်လာစေရေးအတွက် စတစ်ကာများဖြန့်ဝေ ခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ခေါ်ယူစစ်ဆေးခဲ့သော်လည်း အမှန်တကယ် တွင် အဖွဲ့ ချုပ် လူငယ် ကိုအေးမင်းမှာ ဖြန့်ဝေခဲ့ခြင်းမရှိခဲ့ပေ။ ထို့ နောက် အခြားသော စစ်ဆေးမေးမြန်းမှု့များကို စစ်ဆေးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သည်။
ကိုအေးမင်းသည် တာမွေမြို့ နယ် လူငယ်တဦးဖြစ်ပြီး မြို့ နယ်တာဝန်များကို ကျေပွန်စွာထမ်းရွက်နေသူတဦးဖြစ်သည်။ ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် နိုင်ငံရေးတက်ကြွသူလူငယ်များကို အကြောင်းအမျိုးမျိုးပြကာ ခေါ်ယူစစ်ဆေးမှုများကို အာဏာပိုင်များ မှ ပြန်လည်ပြုလုပ်လာကြသည်။
 by Myanmar Mediamm
Unknown at 12:43 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.