Monday, March 19, 2012

မြန်မာစာနယ်ဇင်းသမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေး ဒုတိယအကြိမ် လုပ်ငန်းအကြို ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကိုဇော်သက်ထွေးမှ ရှင်းလင်းပြောကြားနေစဉ်
မြန်မာစာနယ်ဇင်းသမဂ္ဂ  (Myanmar Journalists Union) ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဒုတိယအကြိမ်လုပ်ငန်း အကြိုညှိနှိုင်း အစည်းအဝေးကိုမတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းအကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ ပုဂ္ဂလိက စာနယ်ဇင်းနယ်ပယ်မှ စာနယ်ဇင်းသမား ၃၄ ဦး တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ ကိုဇော်သက်ထွေးက အမှာစကား ပြောကြားခဲ့ပြီး ဆရာမာဂျေက အစည်းအဝေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေါ်အေးအေးဝင်းက စာနယ်ဇင်းသမဂ္ဂ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တက်ရောက် လာသူများထဲမှ ဦးချစ်ဝင်းမောင်(အယ်ဒီတာချုပ်၊ တက်လမ်းဂျာနယ်)၊ အကြည်တော်(စီစဉ်သူ၊ ဟားခလုတ်)၊ ကိုဝေဖြိုး(အယ်ဒီတာချုပ်၊ Weekly Eleven News ဂျာနယ်)၊ ကိုမျိုး(မြန်မာစာ) (အယ်ဒီတာချုပ်၊ ပေါ်ပြူလာ အနုပညာဂျာနယ်)၊ ကိုသူရအောင် (တာဝန်ခံအယ်ဒီတာ၊ Messanger  ဂျာနယ်) စသူတို့နှင့်အတူ ပန်းချီမြင့်မောင်ကျော်၊ ဦးမျိုးမြင့်ညိမ်းတို့က ပြန်လည် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ယာယီကော်မတီကို ဖွဲ့စည်းခဲ့သည်။
မြန်မာစာနယ်ဇင်းသမဂ္ဂ  ဖြစ်မြောက်ရေး ယာယီကော်မတီတွင် မူဝါဒရေး ဆွဲရေးအဖွဲ့၊သတင်းပြန်ကြားရေးအဖွဲ့၊ စည်းရုံးရေးအဖွဲ့၊ဘဏ္ဍာရေးနှင့် ရုံးအဖွဲ့တို့ပါဝင်ပြီး တက်ရောက်လာသော စာနယ်ဇင်းသမား ၃၀ကျော်ဖြင့်သာ ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သောကြောင့် လာမည့်ရက်သတ္တ ပတ်၌ ပြုလုပ်မည့် တတိယအကြိမ် အစည်းအဝေး၌ ယာယီကော်မတီအဖွဲ့ဝင်များကို ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းသွားမည်ဟု သိရသည်။ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေး တတိယအကြိမ် အစည်းအဝေးကို မတ်လ ၂၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပါသည်။
မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးကို ကိုဇော်သက်ထွေးမှ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး လွတ်လွပ်စွာ စာပေရေးသားခွင့်ကို ကာကွယ်စောင့်ရှောက်ရန် (freedom of expression) နှင့် ဂျာနယ်လစ်များ၏ အကျိုးစီးပွားနှင့် ဂျာနယ်လစ်များကို ကာကွယ်စောင့်ရှောက်ရန် (Protection  of Journalists) အစရှိသော ရည်ရွယ်ချက် နှစ်ခု ထားရှိပြီး လုပ်ဆောင်နေခြင်းဖြစ်ပါသည်။
မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းပေါ်ပေါက်ရန် စာရေးဆရာ အကြည်တော်က ငွေကျပ် ၁၅ သိန်း Eleven Media Group၊ Myanmar Media Group နှင့် ဦးအောင်စိုးသူ (အယ်ဒီတာချုပ်၊First Music Journal)တို့က ငွေကျပ်ငါးသိန်းစီ လှူဒါန်းထားကြောင်းလည်း သိရသည်။ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ပထမအကြိမ် အစည်းအဝေးကို မတ်လ ၁၀ ရက်နေ့က SS Food Center ၌ ကျင်းပခဲ့သည်။
EMG
 
Unknown at 6:58 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.