Tuesday, March 13, 2012

မတ်လ ၁၄ ရက်နေ့မှစတင်ရောင်းချမည့်GSM, CDMA-450 MHz, WCDMA, CDMA-800 MHz စသည့် ဖုန်းများအကြောင်း


ချထားပေးမည့် ဖုန်းဈေးနှုန်းနှင့် အမျိုးအစား
GSM, CDMA-450 MHz, WCDMA, CDMA-800 MHz စသည့် ဖုန်းများကို ချထားပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းများအနေဖြင့် GSM ဖုန်းများအား ကျပ် နှစ်သိန်း၊ CDMA-450 MHz ဖုန်းများအား ကျပ် နှစ်သိန်း၊ WCDMA ဖုန်းများအား ကျပ် နှစ်သိန်းငါးသောင်း၊ CDMA-800 MHz ဖုန်းများအား ကျပ် နှစ်သိန်းငါးသောင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူ ပြည်သူများသို့ အသိပေးတင်ပြချက်အရ သိရသည်။

ချထားပေးမည့် နေ့ရက်နှင့် နေရာ
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးကို တစ်ပြိုင်နက်တည်း ချထားပေးခြင်းမျိုး မဟုတ်ဘဲ ဒေသအလိုက် ရက်သတ်မှတ်ပြီး ချထားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ ရောင်းချမည်ဖြစ်ပြီး ရောင်းချမည့်အစီအစဉ်များအနေဖြင့် မတ်လ ၁၄ ရက်နေ့တွင် ပြည်နယ်များအားလုံး၊ မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး (၇) ခု (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မပါ) တို့တွင် GSM မိုဘိုင်းဖုန်းများကို ရောင်းချပေးမည်ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး နှစ်နေရာအတွက် GSM မိုဘိုင်းဖုန်းများကို ဧပြီလ ၉ ရက်နေ့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ WCDMA ဖုန်းများ ရောင်းချမှုအပိုင်း အနေဖြင့် အဆိုပါ ဧပြီလ ၉ ရက် နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မပါ) တို့တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌မူ ဧပြီလ ၂၃ ရက်နေ့မှစတင်ကာ WCDMA ဖုန်းများကို ရောင်းချပေးသွားမည်ဖြစ်သည်။

စတင်ရောင်းမည့် ဖုန်းများ ရန်ကုန်၊ မန္တလေးတို့တွင် ယူဆောင်ပြောဆို၍ ရရှိဦးမည်မဟုတ်
မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးသွားမည့် အဆိုပါ တန်ဖိုးနည်း GSM ဖုန်းများကို လက်တလောကာလ၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နမိတ်တို့တွင် ယူဆောင် ပြောဆိုဆက်သွယ်၍ ရရှိဦးမည်မဟုတ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ GSM/UMTS Network အားများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway တို့ကို ပြီးစီး အောင်ဆောင်ရွက်ပြီးစီးသည့် အချိန်မှသာ ယူဆောင်ပြောဆို၍ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်၊ မေလ ပထမအပတ်မှသာ အဆိုပါဖုန်းများကို နေရာဒေသမရွေး ယူဆောင်ဆက်သွယ်နိုင်မည်ဖြစ် သည်ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

လတ်တလောကာလ၌ CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများ ရောင်းချမည်မဟုတ်သေး
လတ်တလောကာလ၌ CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများ ရောင်းချမည်မဟုတ်သေးကြောင်းသိရှိရသည်။ အဆိုပါ မိုဘိုင်းဖုန်းများကို တည်ဆောက်ထားသည့် လိုင်းအင်အားများ ပြည့်နေ၍ ရောင်း ချပေးခြင်း မရှိသေးခြင်းဖြစ်ကြောင်း ရောင်းပေးမည့်အစီအစဉ်များကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြို့ပြတွင်သာမက ကျေးလက်ဒေသအထိ တယ်လီဖုန်း တိုးချဲ့တပ်ဆင်သွားပြီး၊ တယ်လီဖုန်းသိပ်သည်းဆကို ၄၃ ဒဿမ ၈ ရာခိုင်နှုန်းအထိလည်းကောင်း၊ Broadband Wireless စနစ်အပါအ၀င် အင်တာနက် သုံးစွဲမှုကို ၉ ရာခိုင်နှုန်းအထိလည်းကောင်း တိုးတက်သုံးစွဲ နိုင်ရေး ဆောင်ရွက်မည်ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် ဖော်ပြ ပါရှိသည်။

ဝယ်ယူရမည့်ပုံစံ
ရောင်းချပေးမည့် ဖုန်းများအားလုံးကို ယခုလက်ရှိဝယ်ယူနိုင်သည့် ဖုန်းများ၏ပုံစံအတိုင်း ၀ယ်ယူနိုင်မည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သတ်မှတ်အရောင်းဆိုင်များတွင် One Stop Service စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ လက်ရှိအဆိုပါစနစ်ဖြင့် ငါးသိန်းတန် GSM ဖုန်းများကို  ဆိုင်တော်တော်များများတွင်ရောင်းချပေးလျှက်ရှိသည်။
Internet Journal
Internet Journal
Unknown at 4:40 PM
Share

1 comment:

  1. me me thanMay 1, 2012 at 7:35 PM

    ဘကြီးသက် ဘယ်တော့ ငါးထောင်တန် ထွက်မလဲ

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.