Wednesday, March 14, 2012

ကေအိုင်အို၊ ကေအိုင်အေ တို့နှင့် သုံးရက်ကြာ ရွှေလီတွင် ဆွေးနွေးမည်




မြန်မာနိုင်ငံ အရှေ့မြောက်ခြမ်း ငြိမ်းချမ်း ရေးတွင် အဓိကကျသော KIO/KIA နှင့် မြန်မာအစိုးရတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် မတ်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ သုံးရက် ကြာ တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရည်တူ ခွင့်၊ ပင်လုံကတိက၀တ်၊ ပင်လုံစိတ်ဓာတ် စသည်ဖြင့် KIO/KIA နှင့် မြန်မာအစိုးရ တို့အကြား ၁၉၉၄ ခုနှစ်မှစတင်၍ အငြင်း ပွားကာ ၁၇ နှစ်တိုင်တိုင် ဒေသတွင်း စစ်မက်အရှိန် များပြားလာခဲ့ကြပြီး ပြီးခဲ့ သည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် တွင် နှစ်ဖက်ကိုယ်စားလှယ်များ ရွှေလီမြို့ ၌ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ကြကာ စစ်မက် အရှိန်များ လျှော့ချ ရန်လည်း သဘောတူခဲ့ကြပြီးဖြစ်သည်။
ယခုတွေ့ဆုံကြသော ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲသည် အပစ်အခတ် အပြီး ရပ်စဲရေးအပါအ၀င် ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုများဖြင့် အဆင့်တစ်ခုအထိ ရောက်ရှိစေမည်ဟု ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
"အခု ဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဖက် နားလည်ရမယ့်၊ သဘောတူနိုင်မယ့် အချက်တွေအားလုံး ရရှိတဲ့အထိ ကြိုးစား သွားမှာပါ။ အဓိက အချက်ကတော့ အပစ်အခတ်ရပ်စဲရေးပါ။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေကိုလည်း ထာဝရငြိမ်း ချမ်းရေးရတဲ့အထိ အဆက်မပြတ် လုပ် သွားမှာပါ။ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်တို့၊ အုပ်ချုပ်ခွင့်၊ စီမံခွင့် တို့ကိုလည်း ကိုယ့်ပြည်နယ် တိုင်းဒေသ ကြီး အရေးကိစ္စတွေကို ကိုယ်တိုင် ဆောင်ရွက်ခွင့်တွေ အခြေခံဥပဒေမှာ ပေးထားပြီးသားဖြစ်လို့ အထူးပြောစရာ မရှိပါဘူး။ ပင်လုံ စိတ်ဓာတ်တို့၊ ပင်လုံ ကတိက၀တ်တို့ သူတို့ဘက်က ပြောနေ ကြတယ်။ ပင်လုံစိတ်ဓာတ်ကို ကျွန်တော် တို့ လက်ခံပါတယ်။ သဘော တူပါတယ်။ ပင်လုံကတိက၀တ် ကိုးချက်ထဲမှာတော့ တန်းတူရည်တူဖြစ်ရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးဆိုတာ ပါတယ်။ ကချင် ဒေသကို ကချင်ပြည်နယ်အဖြစ် သတ် မှတ်ပေးရေးလည်း ပါတယ်။ ၁၉၄၇ မှာ ကတည်းက ကချင်ပြည်နယ်အဖြစ် အတည်ပြုပေး ထားပြီးပါပြီ။ ဒါကြောင့် ဒီအချက်တွေကို နှစ်ဖက်စလုံး နားလည် သဘောတူကြဖို့အတွက် အခက်အခဲမရှိ နိုင်ပါဘူး"ဟု ၎င်းက ဖြေကြားခဲ့သည်။
ထို့ပြင် KIO/KIA တို့အနေဖြင့် လော လောဆယ်၌ နှစ်ဖက်တပ်များ ပစ်ခတ် နေခြင်းကို လျော့ကျစေဖို့ မြန်မာတပ်များ ထိုးစစ် အသွင်ဆောင်နေခြင်းများကို ဆုတ်ပေးရန် တောင်းဆိုခြင်းများလည်း ရှိကြောင်း၊ အမှန်အားဖြင့် ဆွေးနွေးပွဲ၌ အပစ်အခတ်ရပ်စဲ ရေးကိုသာ သဘော တူနိုင်ကြလျှင် ယခုဖြစ်ပွားနေသော တိုက်ပွဲဧရိယာအတွင်း မည်သည့်တပ်မှ မရှိနိုင်တော့ဘဲ အလိုလို တပ်ဆုတ်ပြီး သား ဖြစ်သွားမှာဖြစ်ကြောင်း၊ မည်သည့် တပ်မှ မရှိတော့လျှင် ၁၉၉၄ ခုနှစ်တုန်း ကလို ငြိမ်းချမ်းရာနယ်မြေအဖြစ် ပြန် လည်ရရှိနိုင်ကြောင်း ဦးအောင်သောင်း က ရှင်းလင်းဖြေကြားခဲ့သည်။
"တကယ်တမ်းပြောရရင် ဘယ်တပ်တွေကမှ အခုလို သားကွဲ မယားကွဲနဲ့ ဆင်းဆင်းရဲရဲနဲ့ အဲဒီမှာသွားပြီး မနေချင် ကြပါဘူး။ နှစ်ဖက် သဘောတူညီမှုရရင် အားလုံး ငြိမ်းချမ်းသွားမှာပါ။ အခု ဆွေးနွေးမယ့် သုံးရက်အတွင်းမှာ ဒီ အချက်တွေသာမက အရင်ဆွေးနွေးပွဲ (နိုဝင်ဘာ ၂၉) ကထက် ပိုပြီး တိုးတက် ရရှိ သဘောတူညီနိုင်တဲ့အထိ ဆွေးနွေး သွားဖို့ စီစဉ်ထားပါတယ်"ဟု ၎င်းက ဖြည့်စွက် ရှင်းပြသည်။
အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဦးယွပ်ဇော် ခေါင် ဦးဆောင်သော ကချင်ပြည်နယ် ရပ်မိရပ်ဖ ကြားခံ ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ပြည် နယ်အစိုးရတို့က လုံခြုံရေးတာဝန်ယူနိုင် သော ရွှေလီမြို့ရှိ ဟိုတယ်ကြီးတစ်ခု တွင် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
Unknown at 8:32 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.