Saturday, March 10, 2012

လူငယ်နဲ့ ပညာရေးအကြောင်း အဓိက ဟောပြောခဲ့တဲ့ တောင်ငူမြို့မဲဆွယ်ခရီးစဉ်

တောင်ငူမြို့မိုင်ဒါကွင်းအတွင်း မဲဆွယ်စည်းရုံး ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်
မတ်လ ၆ ရက်နေ့က တောင်ငူမြို့ကို မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
တောင်ငူမြို့မိုင်ဒါကွင်းမှာ ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ မဲဆွယ်စည်းရုံး ဟောပြောပွဲကို သောင်းနဲ့ချီ တက်ရောက်လာတဲ့ တောင်ငူမြို့ခံ ပြည်သူလူထုတွေကို
လူငယ်နဲ့ ပညာရေးအကြောင်း အဓိက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ‘လူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့အနာဂတ်ဖြစ်တယ်၊
ကျမတို့ လူငယ်တွေ ပညာမတတ်လို့၊ အရည်အချင်း မပြည့်ဝလို့တော့ ဒီနိုင်ငံဟာ တိုးတက်နိုင်မှာ မဟုတ်ပါဘူး၊ အဲ့တာကြောင့်မို့လို့ လူငယ်တွေ ပညာတတ်ရေး
အတွက်ကို အားလုံးက တတ်နိုင်တဲ့နည်းနဲ့ ဝိုင်းပြီးတော့ ကူညီကြပါ၊ ကျမတို့ နိုင်ငံရဲ့ပညာရေးစနစ်ဟာ ဘာတွေ လွဲချော်နေလို့ လူငယ်တွေ ဘွဲ့ရပြီးတော့ အလုပ်
မရတာလဲဆိုတာ အများကြီး စဉ်းစားစရာ ကိစ္စဖြစ်ပါတယ်’လို့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြား သွားပါတယ်။
Unknown at 9:43 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.