Saturday, March 24, 2012

အဓမ္မစေခိုင်းမှုပပျောက်ရေးကို ရပ်/ကျေးဥပဒေတွင် ထည့်သွင်းရန် အဆိုတင်


နိုင်ငံတစ်ဝန်းလုံးတွင် အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက်၊ ရပ်ကွက် သို့ မဟုတ် ကျေးရွာအုပ်စုအဆင့်မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ရန် မတ်လဆန်းတွင် အတည်ပြုခဲ့ပြီးသော ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ၌ အဓမ္မ ခိုင်းစေမှုဆိုင်ရာ တားမြစ်ချက်များ ထည့် သွင်းရန်အဆိုကို ပြည်ထဲရေးဝန်ကြီး ဌာနက ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၄ ရက် မြောက်နေ့ (၂၁-၃-၂၀၁၂) ၌ တင်သွင်း ခဲ့သည်။
"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက် နေချိန်ဖြစ်၍ နိုင်ငံတော်၌ တရားမျှတ ခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမို ထွန်းကားလာစေရန်အတွက် အဓမ္မ ခိုင်းစေမှုကိစ္စရပ်များသည် လုံးဝ ပပျောက်သင့်ပြီဟု ယူဆပါသည်။
"သို့ဖြစ်ပါ၍ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေတွင် အဓမ္မ ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ တားမြစ် ချက်များ ထည့်သွင်းရန် အရေးတကြီး လိုအပ်လာပါသဖြင့် အထူးကိစ္စတစ်ရပ် အနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ စဉ်းစားဆွေးနွေး ပေးနိုင်ပါရန် ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တင်သွင်းအပ်ပါသည်"ဟူ၍ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ် စား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြည်ထောင်စုလွှတ် တော်သို့ ယနေ့နံနက်၌ တင်သွင်းခဲ့ သည်။
ထိုသို့ ပြင်ဆင်ချက်အရ ဥပဒေ၏ အမည်မှာ 'ရပ်ကွက်၊ သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေ'ဟု ခေါ်တွင်စေရမည်ဖြစ် ပြီး မတ်လဆန်း၌ အတည်ပြုပြီးဖြစ် သော ရပ်ကွက်၊ သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၇ တွင် ရှိနှင့်ပြီး ပုဒ်မ ၂၇ ကို 'ပုဒ်မ ၂၇(က)' အဖြစ် ပြင်ဆင် ပြီး ယခုဖြည့်စွက်မည့် ပြင်ဆင်ချက်ကို 'ပုဒ်မ ၂၇(ခ)'အဖြစ် ဤသို့ ဖြည့်စွက်မည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးရုံး၏ ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့သည့်စာတွင် ဖော်ပြပါရှိ သည်။
ဖြည့်စွက်ရမည့်စာသားမှာ "၂၇(ခ)၊ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ထံမှ ထိုသူ၏ ဆန္ဒအလျောက် ကမ်းလှမ်း ခြင်းမဟုတ်ဘဲ အကျိုးစီးပွားထိခိုက်စေ မည်ဟု ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် အပြစ်ပေးမည်ဟု ခြိမ်းခြောက်ခြင်းဖြင့် ထိုသူ၏ လုပ်အား၊ သို့မဟုတ် ၀န်ဆောင် မှုအား အဓမ္မရယူခိုင်းစေမှုပြုလျှင် ထိုသို့ ပြုသူအား တစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရမည်"ဟူ၍ဖြစ် သည်။
ထိုသို့ ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ တွင် ထပ်မံပြင်ဆင်ဖြည့်စွက်ရမည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး ရှင်း လင်းပြောကြားခဲ့သည်။
"မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) သို့ ၁၉၄၈ ခုနှစ်၊ မေလ ၁၈ ရက်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် စတင် ၀င်ရောက်ခဲ့ပါတယ်။ အိုင်အယ်လ် အိုအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ၁၉၅၅၊ မတ်လ ၄ ရက်မှာ အဓမ္မခိုင်းစေ မှုဆိုင်ရာ ပြဋ္ဌာန်း ချက်အမှတ် ၂၉(၁၉၃၀ ပြည့်နှစ်)ကို လိုက်နာရန် လက်မှတ် ရေးထိုးခဲ့ပါတယ်။ သို့ရာတွင် အကြောင်းအမျိုးမျိုး ကြောင့် လုပ်ငန်း နယ်ပယ်အချို့၌ အဓမ္မ ခိုင်းစေမှုများရှိခဲ့သဖြင့် မြန်မာနိုင်ငံ အစိုးရ၏ အဓမ္မခိုင်းစေမှု ပပျောက်ရေး ကြိုးပမ်းမှုများကို အထောက် အကူပြုရန် အတွက် ၂၀၀၂ ခုနှစ်၊ အိုင်အယ်လ်အို ဆက်သွယ်ရေးအရာရှိတစ်ဦးကို မြန်မာ နိုင်ငံ၌ ခန့်ထားရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထို့ပြင် ၂၀၀၇ ခုနှစ်တွင်လည်း အဆိုပါ နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲ အဖြစ် အဓမ္မခိုင်းစေမှုပပျောက်ရေး အတွက် နိုင်ငံတော်အစိုးရ၏ အားထုတ် ကြိုးပမ်းမှုများသည် အထိုက်အလျောက် အောင်မြင်မှုရှိခဲ့သည်ကိုလည်း တွေ့ရှိ ရပါတယ်"ဟူ၍ အစချီလျက် ယခုကဲ့ သို့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် အဆိုပါ အဓမ္မခိုင်းစေမှုများ လုံးဝပပျောက်စေ ရန် ဤသို့ပြင်ဆင်ဖြည့်စွက်ရခြင်း ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက လွှတ်တော်သို့ ရှင်းလင်းပြောကြားခဲ့ သည်။
ထိုသို့ ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော် မတီကလည်း စိစစ်တင်ပြချက် အစီရင် ခံစာကို ၎င်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဖတ်ကြားရာတွင် မြန်မာနိုင်ငံ၏ အိုင်အယ်လ်အိုအဖွဲ့ဝင်နိုင်ငံ ဖြစ်လာ သည့် သမိုင်းကြောင်းများကို ထည့်သွင်း ပြောကြားခဲ့သည်။
MMTime
Unknown at 8:17 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.