Friday, March 23, 2012

အသိမ်းခံမြေအတွက် လျော်ကြေး အပြည့်အ၀မရ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ဆောက်ရွက်နေရာမှာ ဒေသခံ ထိန်ကြီးရွာက ရွာသားတွေပိုင်တဲ့ မြေတွေကို လျော်ကြေး အပြည့်အ၀မပေးဘဲ၊ ဥယာဉ် ခြံမြေတွေကို စက်ယန္တယားတွေနဲ့ စတင် ရှင်းလင်းနေကြောင်း ထိန်ကြီးရွာသားတွေက ပြောဆိုပါတယ်။
Image: RFA
ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် ထားဝယ်မြို့ (Tavoy) တည်နေရာကို မြန်မာပြည် မြေပုံပေါ်တွင် ခရမ်းရောင် စက်ဝိုင်းဖြင့် ပြထားပါသည်။
အဲဒီ ကုမ္ပဏီတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးပိုင်တဲ့ ၀ါဝင်းကုမ္ပဏီနဲ့ ဦးဇော်ဇော်ပိုင်တဲ့ မက်စ် မြန်မာကုမ္ပဏီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်က လျော်ကြေးငွေ အပြည့်အ၀ ပေးချေခြင်း မရှိသေးဘဲ ဦးလွင်မိုးပိုင် ၀ါဝင်းကုမ္ပဏီက ဘူဒိုဇာနဲ့ အထိုးခံခဲ့ရတဲ့ ခြံမြေတွေရှိတဲ့ အကြောင်းကို ထိန်ကြီးရွာသားက အခုလိုပြောပါတယ်။
ဥယာဉ် ခြံမြေတွေကို တစ်ဧကကို ကျပ် ၅ သိန်း လျော်ကြေးပေးပြီး၊ ဥယာဉ် ခြံမြေအတွင်းက အပင်တွေကို၊ တစ်ပင်ချင်း တန်ဖိုးဖြတ်ပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၀ ဧက ရှိသူကို ၆ ဧကစာပဲ ပေးတာမျိုးလည်းရှိကြောင်း၊ သွားတောင်းတဲ့အခါ ပေးပြီးကြောင်း၊ ငြင်းဆိုတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဆင်းရဲနွမ်းပါးသူတွေ၊ မသိနားမလည်သူတွေကို ဈေးနှိမ်ပေးတာတွေလည်း ရှိတယ်ဆိုပါတယ်။ အခုလို မြေတွေကို လျော်ကြေးပေးဖို့ ကိစ္စမှာ ကျေးရွာလူကြီးတွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ နေပြည်တော်က ခန့်အပ်ထားတဲ့၊ တာဝန်ရှိသူ အရာရှိတစ်ဦးလည်း၊ ပါဝင်ဆုံးဖြတ် လုပ်ကိုင်ပေးနေတာ ဖြစ်တယ်လို့ ထိန်ကြီးရွာသားက ပြောပါတယ်။
RFA
Unknown at 11:40 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.