ပခုက္ကူအညာဒေသတွင် ရေစကြိုမြို့နယ်နှင့် ပုလဲနယ်မှ ကုလားပဲများ ဖြိုင်ဖြိုင်ဝင်နေကြောင်း သိရပါသည်။ ကုလားပဲစိုက်တောင်သူများ သည် တပေါင်းလ၌ရိတ်သိမ်းကာ တန်ခူးလတွင်အပြီးသိမ်းလျက် ကဆုန်၊နယုန်လအထိထားပြီးရောင်း ၀ယ်ကြကြောင်း၊ တပေါင်း(မတ်)လ ပထမပတ်ရက်အတွင်း ပခုက္ကူမြို့ ကုလားပဲဈေးမှာ V2 ကျပ် ၁၇၁၀၀၊ HL ကုလားပဲကျပ် ၁၅၀၀၀ အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။
ယခင်နှစ် ၂၀၁၀ ပြည့်နှစ် တပေါင်းလ၌ V2 ဈေးကျပ် ၁၈၄၀၀၊ HL ကျပ် ၁၇၀၀၀ ကျပ်ဈေးရှိခဲ့ ကြောင်း၊ ကုလားပဲကို ပခုက္ကူခရိုင်အတွင်းတွင် ရေစကြိုနယ်ချင်းတွင်း မြစ်ဝှမ်းဒေသများမှ စိုက်ပျိုးမှုအများ ဆုံးဖြစ်ကြောင်း၊ မြိုင်နယ်တွင်မူ ဆောင်းသီးနှံအဖြစ် ကုလားပဲကို စိုက်ပျိုးကြကြောင်း၊ ဗန့်ကျီနယ် ပုလဲ၊ မင်းတိုင်ပင်ဒေသမှလည်း ကုလားပဲကိုပခုက္ကူသို့ တင်ပို့ရောင်းချ၍ အမြန်ကုန်အဖြစ်ပခုက္ကူရောက် ဧရာဝတီတိုင်းထွက် ဆန်များဝယ်ယူကြကြောင်း သိရပါသည်။ ကုလားပဲ ပေါ်ဦးစအချိန်၌ တစ်နေ့တာအတွင်း ပွဲရုံတစ်ရုံ ကုလားပဲတင်း ၁၀၀ ခန့် ၀င်ကြောင်း၊ ဖြိုင်ဖြိုင်ဝင်ချိန်တွင် တင်း ၅၀၀ မှ ၁၀၀၀ ထိဝင်သည်ဟု ပွဲစားကြီးတစ်ဦးကပြောပါသည်။
ပခုက္ကူမြို့တွင် ကုလားပဲပွဲရုံ ပေါင်း ၅၀ ၀န်းကျင်ရှိပြီး ယခုနှစ် ကုလားပဲ အထွက်နှုန်း နည်းနိုင်ကြောင်း၊ ၂၀၁၀ ခုနှစ် အောက်တိုဘာလက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ကုလားပဲစိုက်ခင်းများ အပျက်များကြောင်း၊ ယခင်နှစ်ပိုင်းက ကုလားပဲတင်းရေ ၁၀ သိန်းအထိ ၀င်ခဲ့ကြောင်းကုလားပဲပွဲစားတစ်ဦး ထံမှသိရသည်။ ပခုက္ကူဒေသထွက် ကုလားပဲများကိုရန်ကုန်၊ မန္တလေးမြို့ များသို့အများဆုံးတင်ပို့ရပြီးပခုက္ကူ ကုလားပဲကြိတ်ခွဲသမားများကမူကြိတ် ခွဲ၍ရှမ်းပြည်နယ်သို့အများဆုံးတင်ပို့ ကြောင်းသိရသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge