Thursday, March 15, 2012

လက်တွန်း အမှိုက်လှည်း များနှင့် အမှိုက်သိမ်း ကားများ အသစ် တိုးချဲ့ထား

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် များက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန တွေမှာ လက်တွန်း အမှိုက်လှည်း များနဲ့ အမှိုက်သိမ်း ကားများကို
တိုးချဲ့ ထားတယ်လို့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ယခင်က လက်တွန်း အမှိုက်လှည်း စုစုပေါင်း ၃၀၀၀ ကျော်ရှိရာ အခု လက်တွန်း အမှိုက်လှည်း ၅၄၉ စီး တိုးချဲ့ထားရှိပြီး အမှိုက်သိမ်း ကားအသစ် ၂၅ စီး တိုးချဲ့ ထားရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို တိုးချဲ့ထားတဲ့ လက်တွန်း အမှိုက်လှည်းနဲ့ အမှိုက်သိမ်း ကားတွေကို မြို့နယ် အတွင်းရှိ လမ်းအနည်းအများ ပေါ်မူတည်ပြီး ထားရှိတာ ဖြစ်တယ်လို့ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် မြို့နယ်တွေ အတွင်းမှာ ထားရှိတဲ့ အမှိုက်တွန်းလှည်း တွေဟာ ယိုယွင်း ပျက်စီးနေတာကြောင့် အခုလို လှည်းအသစ်များ ယခင်ကထက် ပိုပြီး တိုးချဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ အမှိုက်သိမ်းကား အရေအတွက် ဟာလည်း ယခင်က ၂၆၇ စီးသာရှိရာက အခုအခါ အစီးရေ ၃၀၀ နီးပါး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်း မှာလည်း လက်တွန်း အမှိုက်လှည်းနဲ့ အမှိုက်သိမ်း ကားတွေကို ဆက်လက်ပြီး တိုးချဲ့သွားဖို့ ရှိတယ်လို့ သတင်း ရရှိပါတယ်။


Unknown at 8:39 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.