Friday, March 23, 2012

စတုတ္ထမဏ္ဍိုင်သည် ပထမမဏ္ဍိုင်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သိစေချင်ပါသည်


The Voice Weekly ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲဆိုမယ့်သတင်း ထွက်ပေါ်လာတာနဲ့ ပတ်သက်လို့ မကြာခင်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာလွတ်လပ်ခွင့် ဆိုတဲ့စကားသုံးလာပြီး မီဒီယာလွတ်လပ်ခွင့်ကန့်သတ်ခြင်းဟာ နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နိုင်ငံရဲ့အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြည့်၍ ထောက်ပြဝေဖန်မှုတွေပြုလုပ်ရမယ့် သတင်း၊ မီဒီယာတွေကို မီဒီယာလွတ်လပ်ခွင့် ကန့်သတ်ခြင်းဟာ နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်နေရာပေးထားပါတယ်။ သတင်း မီဒီယာတွေနဲ့ ပတ်သက်လို့လဲ ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာတွေးခေါ်နိုင်ပါတယ်။ ကွဲပြားနိုင်ပါတယ်။ ထင်မြင် ယူဆနိုင်ပါတယ်။ အဲဒီလိုပါပဲ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားတွေလဲ ရှိရမှာဖြစ် ပါတယ်။ အကြောင်းတရားတစ်ခုကိုရေးသားတဲ့နေရာမှာ ဘက်စုံဒေါင့်စုံကနေရှုမြင်သုံးသပ်ပြီးရေးသားဖို့လိုပါတယ်။ ဒါမှလဲ အမှားအမှန်ကို ပြည်သူတွေကိုယ်တိုင် သုံးသပ်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။


The Voice Weekly ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနအနေနဲ့ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး မှန်တဲ့သူ အနိုင်ရမှာဖြစ်သလိုမှားတဲ့သူလဲ ဥပဒေကြောင်းအရ အရေးယူခံရမှာဖြစ်တယ်။ ဘယ်သူမှန်တယ်၊ဘယ်သူမှားတယ် ဆိုတာ သေသေချာချာ၊ ဂဃနဏမသိသေးဘဲနဲ့ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ပိတ်ပင်တယ်လို့မပြောသင့်ပါ ဘူး။ ဒီကနေ့ စာပေစိစစ်ရေးတွေမရှိတော့ပေမယ့် လွတ်လပ်မှုနဲ့ တာဝန်ယူမှုဆိုတာတော့ရှိရမှာပေါ့။ ဗိုလ်ချုပ်စကား နဲ့ ပြောရရင် လွတ်လပ်ရေးရပြီဆိုပြီး လမ်းလယ်ခေါင်ဆေးရိုးလှန်းတာမလုပ်သင့်ပါဘူး။

မြန်မာနိုင်ငံမှာတရားစီရင်ရေးကို ပထမမဏ္ဍိုင်၊ အုပ်ချုပ်ရေးကို ဒုတိယမဏ္ဍိုင်၊ ဥပဒေပြုရေးကို တတိယ မဏ္ဍိုင်၊ စာနယ်ဇင်းကိုစတုတ္ထမဏ္ဍိုင်သတ်မှတ်ထားပါတယ်။ ပထမ၊ ဒုတိယ၊ တတိယမဏ္ဍိုင်တွေမှာ ချို့ယွင်းချက်၊ ဟာကွက်၊ ပျော့ကွက်ရှိရင် စတုတ္ထမဏ္ဍိုင်အနေနဲ့ ဝေဖန်ရေးသားနိုင်ပါတယ်။ ဒါပေမယ့် အမှန်တရားကိုလက်ကိုင် ပြနိုင်တဲ့အနေအထားတော့ရှိရမှာပေါ့။ အဓိကပြည်သူတွေအတွက် အကျိုးပြုသတင်းမျိုးဖြစ်ရပါမယ်။ အပုတ်ချရေး သားမှုမျိုးကျတော့ မီဒီယာလို့မဆိုနိုင်တော့ပါဘူး။ အခုလက်ရှိအနေအထားတွေ့ရတာတော့ အန်တီစုက မီဒီယာ တွေကိုမြှောက်ပင့်ပြောနေသလို မီဒီယာတွေက အန်တီစုကိုအသုံးချပြီး စီးပွားရှာနေကြပါတယ်။ အန်တီစုကြောင့် မီဒီယာတွေ ၀င်ငွေကောင်းနေတယ်လို့ပြောရင်မလွန်ဘူးလို့ထင်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ သူသူကိုယ် ကိုယ်သတင်းဦးတာ၊ သတင်းထူးတာဆိုသိချင်ဖတ်ချင်ကြတာပါပဲ။

အခုထွက်နေတဲ့ ဂျာနယ်တွေမှာ အန်တီစုသတင်းတွေ စာမျက်နှာအပြည့်ဖော်ပြနေသလို ဒေါ်စုကြည် ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတွေအရမ်းကိုရောင်းကောင်းနေပါတယ်။ ဒီလိုနဲ့ မီဒီယာအချို့ ၀င်ငွေ ကောင်းနေကြတယ်။

ဒါပေမယ့် စတုတ္ထမဏ္ဍိုင်နေရာမှာရှိနေတဲ့ မီဒီယာကို မကြာခင်လွှတ်တော်ထဲရောက်တော့မယ့် အန်တီစု အနေနဲ့ ဘာလုပ်လုပ် လုပ်ချင်တိုင်းလုပ်လို့ရတဲ့ဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်စေတဲ့ လက်လွတ်စပယ်စကားမျိုး၊ အပြော မျိုးတော့ မပြောသင့်ဘူးလို့ထင်ပါတယ်။ဆင်ခြင်တုံတရားရှိတော့ရှိရမယ်။ လွှတ်တော်ထဲရောက်ရင်မီဒီယာကိုပထမ မဏ္ဍိုင်ထားဖို့ အဆိုတင်သွင်းရင်တော့ ကန့်ကွက်မဲက ၉၀ ရာခိုင်နှုန်းဆိုတာ ဒေါ်စုကြည်သိလာစေချင်ပါတယ်။

Myanmar Express
Unknown at 12:50 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.