မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပြည်ပကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ဆိပ်ကမ်း ၄ ခု၏ ၀င်၊ အထွက် ရေလမ်းကြောင်းများအား ပြုပြင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပထမဦးစားပေး အဆင့်အနေဖြင့် ပြုပြင်သွားမည့် ရေလမ်းကြောင်းများမှာ မော်လမြိုင်ဆိပ်ကမ်းဝင်ထွက် ရေလမ်းကြောင်းဖြစ်သည့် သံလွင်မြစ်ရေလမ်းကြောင်း၊ ထားဝယ်ဆိပ်ကမ်း ၀င်ထွက်ရေလမ်းကြောင်းဖြစ်သည့် ထားဝယ်မြစ် ရေလမ်းကြောင်း၊ မြိတ်ဆိပ်ကမ်း ၀င်ထွက် ရေလမ်းကြောင်းဖြစ်သည့် ကျောက်ဖြာမြစ်၊ မြိတ်မြစ်၊ တနင်္သာရီမြစ် ရေလမ်းကြောင်း၊ ကော့သောင်းဆိပ်ကမ်း ၀င်ထွက်ရေလမ်းကြောင်း ဖြစ်သည့် ဆလုံကျွန်းရေလမ်းကြောင်း တစ်လျှောက်တို့အား ပြုပြင်ဆောင်ရွက်သွားမည်ဟု သိရသည်။
ကုန်ကျစရိတ်အ၀၀ကို ပြည်ပကုမ္ပဏီမှ ကျခံပြီး၊ ယင်းတို့ပိုင် သောင်တူးရေယာဉ်များဖြင့် သောင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ရှိလာသည့်သဲများကိုလည်း သင့်တင့်သော ဈေးနှုန်းပေး၍ ၀ယ်ယူကာ စင်ကာပူနိုင်ငံသို့ တင်ပို့သွားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge