Thursday, March 8, 2012

လှည်းတန်းခုံးကျော် တံတားကို ၄လမ်းမောင်းစနစ်ဖြင့် တည်ဆောက်သွားမည်



ရွှေတောင်တည်ဆောက်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်သွားမယ့် လှည်းတန်း ခုံးကျော် တံတားမှာ တစ်ဖက်ကို ၂လမ်းသွားနဲ့ ၄လမ်းမောင်းစနစ်နဲ့ တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ရွှေေ တာင် ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလို တည်ဆောက်မယ့် လှည်းတန်း ခုံးကျော် တံတားဟာ အကျယ် ၁၆.၈မီတာနဲ့ အမြင့်ကတော့ ၁၇ပေရှိပြီး ယာဉ်သွားလာမှု လွတ်ကင်းေ အာင် ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ခုံးကျော်တံတား တည်ဆောက်ဖို့အတွက် ခန့်မှန်းကုန်ကျစရိတ်နဲ့ ဆောက်လုပ်ပြီးစီးမယ့် အချိန်ကာလ ကိုတော့ အတိအကျ မသိရသေးဘူးလို့ ရွှေတောင် ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုအခါ လှည်းတန်း ခုံးကျော်တံတား ဆောက်ဖို့အတွက် လှည်းတန်း လမ်းဆုံအနီး တက္ကသိုလ်ဓမ္မာရုံမှာ ခုံးကျော်တံတား တည်ဆောက်ဖို့ တာဝန်ရှိသူတွေနဲ့ ဧည့်သည်များ နားနေဖို့အတွက် ရှင်းလင်းဆောင်ကို စတင် ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

အခုလို ရန်ကုန်မြို့တွင်းမှာ ခုံးကျော်တံတား တည်ဆောက်မှုတွေကို လှည်းတန်းလမ်းဆုံ အပါအ၀င် တာမွေလမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံနဲ့ ဘုရင့်နောင်လမ်းဆုံ စတဲ့ နေရာ ၄နေရာမှာ ဆောက်လုပ်ဖို့ စီစဉ်ထားပြီး လက်ရှိမှာ အဆိုပါခုံးကျော် တည်ဆောက်ဖို့အတွက် အမှတ်အ သား ပြုလုပ်ခြင်းတွေကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Unknown at 9:05 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.