Wednesday, March 14, 2012

မူပိုင်ခွင့် သိမှတ်စရာ

အသိဥာဏ်ဆိုင်ရာ မူပိုင်ခွင့် ဥပဒေမူကြမ်းကို အချောသပ် ရေးဆွဲပြီးဖြစ်သော်လည်း မည်သည့်အချိန်တွင် အသက်ဝင်လာမည်ကို မသိရှိသေးကြောင်း တရားရုံးချုပ် ရှေ့နေတစ်ဦးက ပြောသည်။

ကုန်အမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ စက်မူဒီဇိုင်း ဥပဒေ နှင့် စာပေအနုပညာမူပိုင်ခွင့် ဥပဒေများအား အချောသပ် ရေးဆွဲမှု ပြီးစီးပြီဖြစ်ပြီး ၂ဝ၁၃ ခုနှစ်ဇွန်လ နောက်ဆုံးထား၍ တရားဝင် ထုတ်ပြန်ရတော့မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အသိဥာဏ်ဆိုင်ရာ မူပိုင်ခွင့် ဥပဒေဟု တရားဝင် သတ်မှတ် ထားချက် မရှိသေးသော်လည်း ရာဇသတ်ကြီးဥပဒေအရ ကုန် အမှတ်တံဆိပ် အတုလုပ်ခြင်း၊ ပစ္စည်းအတု ထုတ်လုပ်ခြင်း၊ ဆေးဝါးအတု ထုတ်လုပ်ခြင်းနှင့် အစားအသောက်အတု ထုတ်လုပ် ခြင်းများကို အကာအကွယ် ပေးထားကြောင်း ၄င်းက ဆို သည်။

”မြန်မာနိုင်ငံမှာတော့ ဆေးဝါးအတု လုပ်တာများတယ်။ ဆေးဝါးပြီးတော့ အလှကုန်နဲ့ ဈေးကွက်မှာတွင်ကျယ် ရောင်းကောင်းနေတဲ့ နာမည်ကြီး တံဆိပ်တွေကို အတု လုပ်ကြတာများ တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံလည်း ဖြစ်တော့ ကမ္ဘာကခွင့်ပြု ပေးထားတာလည်း ပါတာပေါ့။ ဒါပေမဲ့ ၂၁ ရာစုရဲ့ ဓနဥစ္စာက အသိဥာဏ် ပစ္စည်း ဖြစ်လာတော့ ဒါတွေကို ကန့်သတ်တော့မှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။
အဆိုပါ ဥပဒေမူကြမ်းအား နိုင်ငံတော်ရှေ့နေချုပ်ရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်းရေး ဆွဲခြင်းဖြစ်ကာ ဒသမမူကြမ်း အဆင့်အထိ ရေးဆွဲပြီးဖြစ်ကြောင်း နှင့် ယင်းမူကြမ်းရေးဆွဲရာတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ စာပေနှင့် စာနယ်ဇင်း၊ သဘင် အစည်းအရုံးတို့၏ အကြံပေးမှုများ လည်း ရယူခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အသိဥာဏ်ဆိုင်ရာ မူပိုင်ခွင့်အဖွဲ့ (WIPO) ကို ၁၉၆၇ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ပြီး အသိဥာဏ် ဆိုင်ရာ မူပိုင်ခွင့်နေ့(world IP day)အား ၂ဝဝဝ ပြည့်နှစ်မှ စကာ ဧပြီ ၂၆ ရက်နေ့အဖြစ် သတ်မှတ် ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်း ၂ဝဝ၁ ခုနှစ်မှစ၍ ကမ္ဘာ့ အသိဥာဏ်ဆိုင်ရာ မူပိုင်ခွင့်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ်ပါဝင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အသိဥာဏ်ဆိုင်ရာ မူပိုင်ခွင့်အဖွဲ့အစည်း(WIPO) ၏ လက်အောက်၌ ကမ္ဘာ့အသိဥာဏ် ဆိုင်ရာ မူပိုင်ခွင့်သင်တန်းကျောင်း ကို ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကမ္ဘာအနှံ့ရှိ နိုင်ငံများမှ မူပိုင်ခွင့်ပညာ လေ့လာ လိုသူများ တက်ရောက်နိုင်ရန် နှစ်စဉ် အွန်လိုင်းသင်တန်းများ ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

”မြန်မာနိုင်ငံက ၁၉၉၉ ခုနှစ် က အင်တာနက်အသုံးပြုမှု မရှိ သေးလို့ ၂ဝဝ၃ ခုနှစ်မှ ဒီသင်တန်း ကို စတက်ရောက်နိုင်ခဲ့တာပါ။ UMFCCI မှာ စပြီး သင်တန်းသား ၅ ယောက်နဲ့ စဖြစ်ခဲ့တာ။ အခု ဒီနှစ်ထိတော့ အခြေခံကနေ အဆင့်မြင့်အထိ မူပိုင်ခွင့်ပညာ လေ့လာနေသူ ၁ဝဝဝ ကျော်၊ ၁၅ဝဝ လောက်ထိပဲ ရှိနိုင်ပါသေး တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

မဏ္ဍိုင်ဥပဒေ အကယ်ဒမီ သင်တန်းမှ ကြီးမှူးကျင်းပသော အဆိုပါ အသိဥာဏ်ဆိုင်ရာ မူပိုင်ခွင့်သင်တန်း (DL 101, DL 201, DL 202, DL 302, DL 317) အောင်လက်မှတ်ပေးပွဲ၊ ထူးချွန်ဆုပေးပွဲနှင့် တရားခွင် လက်တွေ့အမှုလိုက်သင်တန်း ထူးချွန်ဆုပေးပွဲကိုလည်း ၃ဝ-၄-၂ဝ၁၁ နေ့တွင် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ မနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီခန့်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

Myanmar Express
Unknown at 8:28 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.