Friday, March 2, 2012

အများပိုင်ကုမ္ပဏီရှယ်ယာ ဘီလျံ ၂၀ ကျော် ပြည်သူကိုရောင်းမည်


From : ခေတ်လူငယ်
အစုတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဘီလျံ ၂၀ ကျော်ကို အများပြည်သူအား ရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဦးလှမောင်ရွှေက ပြောသည်။ Myanmar Agribusiness Public Corporation (MAPC) နာမည်ဖြင့် အများပိုင် ကုမ္ပဏီ တည်ထောင်ရန် သက်ဆိုင်ရာ ဌာနသို့ တင်ပြထားရာ ခွင့်ပြုမိန့်ရရှိသွားပါက အထက်ပါ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဟု ၎င်းကပြောသည်။ “ခွင့်ပြုမိန့်ကျပြီးဆို ဒါရိုက်တာအဖွဲ့တွေနဲ့ ရုံးအဖွဲ့တွေ ဖွဲ့မယ်။ ပြီးရင်ပွင့်လင်းထင်သာစွာနဲ့ လူထုသိအောင် ချပြမယ်။ ပြီးတာနဲ့ စရောင်းသွားမယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။ အစုရှယ်ယာ တစ်ခုကို ကျပ်တစ်သောင်းနှုန်းဖြင့် တစ်ဦးလျှင် အစုတစ်သောင်းထက်ပို၍ ဝယ်ယူခွင့်ပြုမည် မဟုတ်ဟု ကနဦးဆုံး ဖြတ်ထားပြီး ကနဦး ရင်းနှီးငွေ ကျင် ၉ ဘီလျံကျော်အား မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ EC/CEC များက အဦးဆုံး ထည့်ဝင်ကြမည်ဟု ၎င်းအသင်းမှ သိရသည်။ ယင်းငွေကျပ် ၉ ဘီလျံနီးပါးအား တောင်သူ ၆၈ ရာခိုင်နှုန်း၊ စက်ပိုင်၊ကုန်သည် လုပ်ငန်းရှင် ၃၂ ရာခိုင်နှုန်းတို့က ထည့်ဝင်ခြင်းဖြစ်ပြီး၊ ကျန်ဘီလျံ ၂၀ ကျော်မှာ အများပြည်သူတို့အတွက် ဖြစ်သည်ဟု အစည်းအဝေး သဘောတူညီမှုအရ သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူက “အဆိုပြုထားတာက ဘီလျံ ၁၀၀ ရှိတယ်။ ဒီပမာဏက နိုင်ငံမှာခွင့်ပြုထားတဲ့ အများပိုင်ကုမ္ပဏီ အားလုံးနဲ့ယှဉ်ရင် အများဆုံးလို့ ဆိုရင်ရတယ်။ ချက်ချင်းမရနိုင်တောင်မှ ဒီအထိဖြစ်အောင် လုပ်မယ်” ဟု ဆိုသည်။ MAPC အနေဖြင့် အများပိုင်ကုမ္ပဏီ တည်ထောင်ပြီးပါက အရန်ဆန်ဝယ်ခြင်း အစရှိသည့် ကိစ္စများကို ဆောင်ရွက်မည်ဟု သိရပြီး တောင်သူတို့ ထိခိုက်၊ ဆုံးရှုံးမှု မရှိစေရန်အတွက် ဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 12:41 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.