Saturday, March 10, 2012

ဝိဉာဉ်များ မဲပေးနိုင်တော့မည် ဆိုဘဲ ဗျာ...




ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်တို့ သွားတွေ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်။
ဒီကော်မရှင်က ကွယ်လွန်သူတို့အတွက် အထူး အစီအစဉ် ရှိနေပါတယ် တဲ့။

သေရင်ပြီးပြီလို့ တချို့ ဆိုကြတယ်။ မြန်မာပြည်မှာတော့ သေရင် မပြီးသေးပါဘူး။ ဆက်ရန် ရှိပါသေးတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတောင် မဲပေးနိုင်တဲ့ အခွင့်အရေး ရှိအောင်လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ထားပါတယ်။

(ဒီလို ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ မြန်မာပြည်မှာ ရှိနေတာကြောင့် တိုးရစ်တွေ ပိုပြီး ရောက်လာကြတာ ဖြစ်ပါလိမ့်မယ်။)

ကွယ်လွန်သူများဟာ လာမယ့် ဧပြီဖူးနေ့မှာ ကျရောက်မယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်ပြီပေါ့။

"သေဆုံးထားပြီးတဲ့သူ စာရင်းတွေပါဝင်နေပြီး သူတို့တွေက လာမယ့် ဧပြီ ၁ ရက်နေ့ ရွေးကောက်ပွဲတွေမှာ မဲပေးရမလို ဖြစ်နေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောတဲ့အကြောင်း ဧရာဝတီ ပင်မစာမျက်နှာ http://burma.irrawaddy.org/archives/7001 မှာ ဖော်ပြထားတဲ့ "မဲပေးနိုင်သူစာရင်း မူမမှန်ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်" သတင်းမှာ ဖတ်နိုင်ပါပြီ။
Unknown at 10:06 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.