Saturday, March 10, 2012

သတ်မှတ် စည်းကမ်း အကြိမ်ကြိမ် ချိုးဖောက်သော ထုတ်/တင် ခွင့်ရ စာနယ်ဇင်း အချို့အား နောက်ဆုံး အကြိမ် ပြင်းထန်စွာ သတိပေး


သတ်မှတ် စည်းကမ်းကို အကြိမ်ကြိမ် ချိုးဖောက်သော ထုတ်/တင်ခွင့်ရ စာနယ်ဇင်း အချို့အား ထုတ်ဝေခွင့် ပိတ်သိမ်းခံရမည် ဟု နောက်ဆုံး အကြိမ် ပြင်းထန်စွာ သတိပေး ခဲ့ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ သိရသည်။
ထုတ်/တင်ခွင့်ရ စာနယ်ဇင်း ထဲတွင် အများဆုံး တွေ့ရသော စည်းကမ်း ချိုးဖောက်မှုမှာ ပုံနှိပ် မှတ်တမ်း မပြည့်စုံခြင်း၊ မြန်မာ့ ယဉ်ကျေးမှုနှင့် မညီသော ပုံနှင့် ကြော်ငြာ ထည့်သွင်းခြင်းနှင့် သတ်မှတ်ကဏ္ဍမှ ကျော်လွန်၍ ရေးသားထားခြင်း တို့ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ထုတ်/တင်ခွင့်ရ စာနယ်ဇင်းများ အနေဖြင့် လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံ တရားတို့ အခြေခံပြီး ဆောင်ရွက်ရမှာ ဖြစ်ကြောင်း မြန် မာ့ ယဉ်ကျေးမှုနှင့် မလျှော်ညီသော ပုံများကို မဖော်ပြရန် စာပေ စိစစ်ရေးဆိုင်ရာ မူဝါဒတွင် အတိ အလင်းဖော် ပြထားပြီး ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
”အားကစား ဂျာနယ်တွေမှာ လောင်းကစား ဆန်တဲ့ အသုံးအနှုန်း တွေဖော်ပြတာ၊ အားကစားသမား တွေရဲ့ အကြောင်း ဖော်ပြရာမှာ နိုင်ငံခြားသူတွေ ဆိုရင် မတော်တရော် ပုံတွေ  ဖော်ပြနေတာ မိမိထုတ်တဲ့ ဘာသာရပ် အမျိုးအစားမှာ ပါဝင်ရမယ့် ကဏ္ဍထက် ကျော်လွန်ပြီး ရေးသားနေတာ ခွင့်ပြုချက် မညီတဲ့ ကြော်ငြာတွေ ထည့်တာ အဲဒါတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ၊ ထုတ် ဝေသူ၊ အယ်ဒီတာ အဖွဲ့တွေတင် မကပဲ၊  အုပ်စုလိုက် ခေါ်ယူဆွေးနွေး ပညာပေးနေ ရပါတယ်” ဟု စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနမှ ညွှန်ကြား ရေးမှူး ဦးမျိုးမြင့်မောင်က ပြော သည်။
စည်းကမ်း ချိုးဖောက်မှုနှင့် ပတ်သက်၍ မည်သူ့ကိုမျှ နာစေ၊ သာစေ မရှိဘဲ ချိုးဖောက်မှု အပေါ် မူတည်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက် နေသည်ဟု ဦးတင့်ဆွေ က ပြောသည်။
ထုတ်/တင်စနစ် စတင် ကျင့် သုံးချိန်မှ စ၍ အနုပညာ သုတ ရသ ဂျာနယ်အချို့ကို မသင့် လျှော်သောပုံများ ဖော်ပြခြင်းကြောင့် သတိပေး အရေးယူခဲ့ ရသလို စီးပွားရေး ဆိုင်ရာ ဂျာနယ် အချို့ကိုလည်း သတ်မှတ်သည့် ကဏ္ဍထက် ကျော်လွန်ရေးသား မှုအတွက် သတိပေး အရေးယူ မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် က ပြောသည်။

Unknown at 9:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.