Wednesday, March 14, 2012

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့စာနယ်ဇင်း ရှင်းလင်းပွဲ

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့စာနယ်ဇင်း ရှင်းလင်းပွဲ
ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ မတ်လ ၁၂ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဒီအခမ်းအနားပွဲကို
ဦးဝင်းတင်နဲ့ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် မိတ်ဆွေတွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ စာနယ်ဇင်း သတင်းထောက်တွေ တက်ရောက် ခဲ့ကြပါတယ်။ အဲ့ဒီ
အခမ်းအနားအတွင်း အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အတွက် ထောက်ပံ့ငွေတွေ ပေးအပ် ခဲ့ကြပါတယ်။
ဒီဖောင်ဒေးရှင်ကို နိုင်ငံရေး အကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့မိသားစုတွေကို ကူညီထောက်ပံ့ရေးနဲ့ ဘဝတူ စာနယ်ဇင်းသမားတွေကို ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်
ဆောင်ရွက်ပေးဖို့နဲ့ ဒီလုပ်ငန်းတွေကို အရှည်သဖြင့် ဆက်လက် ဆောက်ရွက်သွားဖို့အတွက် ရည်ရွယ်ချက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ကို ဆရာကြီး ဒဂုံတာရာ၊
ဝါးခယ်မ သခင်သိန်းမောင်၊ ဦးသော်(ကြေးမုံ)၊ ဟံသာဝတီဦးဝင်းတင်တို့က နာယကအဖြစ် ဆောင်ရွက်ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးနဲ့ လုပ်ငန်း အထောက်အကူပြု အဖွဲ့ဝင် ၁၆ ဦးတို့နဲ့ ဖွဲ့စည်းထားတာ
ဖြစ်ပါတယ်။
Unknown at 8:35 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.