Thursday, March 15, 2012

ဘင်္ဂလားဒေ့ရှ် - မြန်မာ ရေပိုက်နက် အငြင်းပွားမှု မြန်မာရှုံးနိမ့်


ဘင်္ဂလားဒေ့ရှ် - မြန်မာ ရေပိုက်နက် အငြင်းပွားမှုပြဿနာမှာ မြန်မာဖက်က ရှုံးနိမ့် ခဲ့ရကြောင်း သတင်းရရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံထက် လူဦးရေ သုံးဆ လောက် ပိုများပြီး ရေပိုင်နက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဖက်က နယ်နိမိတ်ကို လူဦးရေနဲ့ အချိုးချ ယူဖို့ အပြင် မြန်မာနိုင်ငံ ရခိုင်ကမ်းမြှောင်ဒေသ ရဲ့ ရေပိုင်နက် အတော်များများကို ပိုင်ဆိုင်ဖို့ တောင်းယူနေသည်မှာ ကြာပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်များ၊ တပ်မတော်ရေ မှ ကိုယ်စားလှယ်များတို့မှ အထူး အာရုံစိုက် ကြိုးစားနေခဲ့ပေမယ့် ဒီကနေ့ မတ် လ ၁၄ ရက်နေ့ ဆုံးဖြတ်ချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်ဖက်ကို အနိုင်ပေးလိုက်ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တောင်းဆို ထားတဲ့ ရေပိုင်နက်အကျယ် ၁၀၇ ၀၀၀ စတုရန်းကီလိုမီတာ ဖြစ်ပေမယ့် ဒီကနေ့ ဆုံးဖြတ်ချက်အရ ၁၁၁ ၀၀၀ စတုရန်းကီလိုမီတာ ထိ ရရှိသွားခဲ့ပါတယ်။ အဓိက အငြင်းပွားနေတဲ့ စိန့်မာတင် ကျွန်းပတ်လည် ရေမိုင် ၂၀၀ ပတ်ပတ်လည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အချာအာဏာ ပိုင်အဖြစ် ဒီကနေ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာဒီပုမိုနီ ရဲ့ စကားကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာတစ်ခုက ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အနိုင်ရရှိခဲ့တဲ့ နေရာတွေမှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံ တွေ တူးဖော်နိုင်ပြီ လို့ ပြောကြားခဲ့ပြီး ယခင်က မြန်မာတို့ ပိုင်ဆိုင်ခဲ့တဲ့ ဘင်္ဂလားပင် လယ်အော်တွင်းက ကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက်များ အားလုံးကို ဘင်္ဂလားဒေ့ရှ်က ရရှိသွားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဆုံးဖြတ်သူများကတော့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) အဖွဲ့က ဆုံးဖြတ်တာဖြစ်ပြီး ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက မှာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေပိုင်နက် အငြင်းပွားမှုဆိုင်ရာခုံရုံး၊ ခုံသမာဓိအဖွဲ့မှ မြန်မာ့ရေပိုင်နက် ပြဿနာနဲ့ ပတ်သက်ပြီး ထောက်ခံမဲ၂၀ မဲ- ကန့်ကွက်မဲ ၁မဲ ဖြင့် ဘင်္ဂလား ဒေ့ရှ် ဖက်ကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ခုံရုံး ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး အမေရိန်ကန်အပါအဝင် ဥရောပ သမဂ္ဂတို့ရဲ့ သြဇာခံမဟုတ်တဲ့ နိုင်ငံများအပေါ်မှာ တဖက်သတ် ဆုံးဖြတ်မှုတွေ လုပ်နေတယ်လို့ ရုရှားနဲ့ တရုတ်တို့ရဲ့ ဝေဖန်မှုတွေ ခံနေရတဲ့ အဖွဲ့ဖြစ်ပါတယ်။ တရားသူကြီး ၂၃ ဦးတွင် ၂၀ ဦးမှာ အမေရိကန် နှင့် ဥရောပ နိုင်ငံများက ဖြစ်ပြီး အခြားသူများကိုလည်း ၎င်း တို့စိတ်ကြိတ် ရွေးချယ် ခန့်ထားသူများ ဖြစ်ပါတယ်။
ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ်မှာ မတရား ဆုံးဖြတ်ချက်တွေ ချတိုင်းမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာ သုံးပြီး မြန်မာဖက်က ကာကွယ်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဘာမှမတက်နိုင်ခဲ့ရပါဘူး။

၂၀၀၈ ခုနှစ် က စပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ကြားမှာ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ခဲ့ပြီး မြန်မာအစိုးရ နဲ့ မြန်မာ့တပ်မတော် ရေတို့မှ အသည်းအသန် ကြိုးစားကာ ရေပိုင်နက် ပိုင်ဆိုင်ရေးအတွက် လုံးပန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရ အတိုက်အခံ မီဒီယာများနဲ့ အတိုက်အခံ အဖွဲ့အစည်းများက ဒီကိစ္စကို လုံးဝ မသိကျိုးကျွန်ပြုကာ ဖာသိဖာသာ ပဲနေခဲ့ကြပါတယ်။

နိုဘယ်ဆုကြီး ပိုင်ရှင်ဖြစ်သော၊ အမေရိကန်နှင့် ဥရောပ ကို ပိုင်အောင်ပေါင်းနိုင်သော ဒေါ်အောင်ဆန်းစုကြည် ကလည်း ယင်း ကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်ထိ တစုံတရာ ဝင်မပြောခဲ့ဖူးပါဘူး။ လွှတ်တော်အမတ်ဖြစ်ဖို့ နဲ့ ပါတီ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် သာ စဉ်းစားနေပြီး ရေပိုင်နက်ကြီး တစ်ခုလုံးပေးလိုက်ရတာကို လစ်လျှူရှုနေတာကို အံ့သြစွာတွေ့ရပါတယ်။ လွတ်တာနဲ့ ပြောပြီ ဆိုတဲ့ ဇာဂနာ ကလည်း ရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တခွန်းမှ မပြောခဲ့ပါဘူး။

အစိုးရရဲ့ ဧရာဝတီ မြစ်ဆုံ ဆည် စီမံကိန်းကို ကန့်ကွက်တုန်းကတော့ ပြည်ပမီဒီယာတွေရော၊ ပြည်တွင်း သတင်းဂျာနယ်တွေ အားလုံးက အမျိုးသား ရေးဆိုပြီး ခေါင်းစဉ်တပ်ကာ ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ၊ ကြညာချက် ထုတ်ပြန်တာတွေ ကို ဒေါ်အောင်ဆန်းစုကြည်က စပြီး လုပ်ခဲ့ပေမယ့် နောင် ဘယ်တော့မှ ပြန်မရတော့တဲ့ ရေပိုင်နက် တစ်ခုလုံး ပေးလိုက်ရတာကိုတော့ ဘယ်မီဒီယာကမှ မဆန့်ကျင် မကန့်ကွက်ခဲ့သလို၊ ဘယ်အဖွဲ့အစည်းကမှလည်း ဆန္ဒမပြ၊ အကျီမှာ စာမရေး၊ ဘုရားမှာ တန်းစီ ဆုတောင်းတာ တွေ မလုပ်ခဲ့ကြပါဘူး။
Unknown at 8:55 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.