![]() |
ဦးစောလှိုင် နှင့် သားဖြစ်သူ ကိုဇွဲရန်နိုင် အိန္ဒိယဆေးရုံမှာတွေ့ ရစဉ် |
ICU အခန်းမှ ထွက်လာခွင့်ရပါပြီ။
သူ ၁၀တန်းအောင်တဲ့နေ့ရဲ့ နောက်တနေ့မှာ ဖခင် ကိုစောလှိုင် အဖမ်းခံရတာဖြစ်ပြီး
ဖခင်ရဲ့ စတုတ္ထထောင်သက် ၆ နှစ်တာကာလ အင်းတော်ကနေ ကသာကို ဆိုင်ကယ်နဲ့ ထောင်ဝင်စာသွားတွေ့လာခဲ့သူ ။ ထောင်ကထွက်ပြီး ၄လအကြာမှာ
အသဲအစားထိုးပေးလှူဘို့ အသင့်ဖြစ်နေခဲ့သူ။ မိခင် မကျန်းမာစဉ်ကာလတလျှောက်လုံး
ကနေ မကွယ်လွန်ချိန်ကာလအထိ ပြုစုပေးစောင့်ရှောက်ပေးခဲ့တဲ့ သားတယောက်ဖြစ်
ပါတယ်။
သားသမီးတချို့ ကို... ဖခင်ထောင်ကျစဉ်ကာလမှာ အိမ်ထောင်တွေတချို့စီးပွါးတွေ
ပျက်စီးပြီုကွဲလို့ မိဘကို ငြိုငြင်တာတွေလည်း ကြားခဲ့ရဘူးပေမယ့် သား ကိုဇွဲရန်နိုင်
ကတော့ ခုလို ဖခင်ကို အသက်နဲ့ ထပ်တူ ချစ်ခင်မြတ်နိုးစောင့်ရှောက်တာတွေရတဲ့
အတွက် ကြည်နူးဝမ်းသာဖြစ်ရပါတယ်။
ကိုစောလှိုင် ကတော့ ICU အခန်းကနေ မထွက်ရသေးပါဘူး။ ဒါပေမယ့် အခြေအနေ တစတစ ကောင်းမွန်တိုးတက်လာတယ်လို့ သိရပါတယ်။ ဆရာဝန် ၂ ဦး က ၂၄ နာရီ
တချိန်လုံး ကွန်ပျူတာ များနဲ့ ချိတ်ဆက် monitor လုပ်ရင်း စစ်ဆေး ကြပ်မတ်နေ
ကြပါတယ် ။ နောက် ၂ ရက်လောက်နေရင် စိတ်ချရမယ့်အနေအထားရောက်မယ်လို့
သိရပါတယ်။ အခုတော့ သားငယ်ပေးထားတဲ့ အသဲ နဲ့ ဆက်အသက်ရှင်သန်နေပါပြီ။
ကိုစောလှိုင်တို့ သားအဖ အမြန်ဆုံး ကျန်းမာချမ်းသာစွာနဲ့ မြန်မာပြည်ပြန်နိုင်ပါစေလို့ အနီးအဝေး နေရာအနှံ့က မိတ်ဆွေ များက ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။
ဒီစာလေးကို ဦးခွန်ဆိုင်း ရဲ့  ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖတ်လိုက်ရလို့ ဦးစောလှိုင်
အကြောင်း သိလောက် ထပ်မံရေးပို့ ပေးဖို့ ကျနော် ဦးခွန်ဆိုင်း ကို မေတ္တာရပ်ခံ
လိုက်ပါတယ်။ ဒါနဲ့ ဦးခွန်ဆိုင်း က သူသိသလောက် အခုလို ပြန်လည်ရေးပို့ လာပါတယ်။
ကိုစောလှိုင် က အင်းတော်ဇာတိဖြစ်ပါတယ်။ ဖခင်က ဟိန္ဒူဖြစ်ပြီး မြန်မာနိုင်ငံ
သားဖြစ်နေခဲ့တာ ၁၉၆၀ ခန့်ကတည်းက ဖြစ်ပါတယ်။ မဆလခေတ် -၁၉၇၆ မှိုင်းရာပြည့် အရေးအခင်းမှာ ထောင်ကျ ကျောင်းမှာ ထုတ်ပယ်ခံရပြီး ပြန်လွတ်တော့ စာပေးစာယူနဲ့ ဘီအေအောင်ပါတယ်။အမ်အေ ဆက်တက်နေတုန်း day ကျောင်းသားအဖြစ်အတက်မခံလို့ တ၀က်တပျက်နဲ့ ကျောင်းထုတ်ခံရပါတယ်။
အင်းတော်မှာပဲ လပြည့်ဝန်းအခမဲ့ကျူရှင်ကိုနှစ်ပေါင်းများစွာဖွင့်ခဲ့ပါတယ်။
၁၉၉၀ရွေးကောက်ပွဲမှာ NLD အင်းတော်အမတ်ဖြစ်လာပေမယ့် အကြိမ်ကြိမ် အကျယ်ချုပ်
ဘ၀ အကျဉ်းချုပ်ဘ၀များနဲ့နေခဲ့ရပါတယ်။ ထောင် ၄ကြိမ်ကျပါတယ်။နောက်ဆုံး
အင်းတော်မှာ ကွန်ပြူတာ စင်တာထောင် ပြီး ကျောင်းသားများကို တဖက်တလမ်းမှာ
ကူညီနေစဉ် လုပ်ငန်း လိုင်စင် သက်တမ်းမတိုးပေးပဲ အမှုရှာကာ ထောင် ၁၂ နှစ်
ချလိုက်ပါတယ် ။
နပ်စ် အလုပ်ကို လုပ်ကိုင်သူ ဇနီးဖြစ်သူကိုလည်း မကွေးသို့ပြောင်းရွေလိုက်တဲ့အတွက် မပြောင်းနိုင်တော့ပဲအလုပ်က ထွက်လိုက်ရပါတယ်။သူ ထောင်ကျနေစဉ် ဇနီးသည်
ကင်ဆာဖြစ်ကာ မတ်လ ၂၀၁၀ တွင်ဆုံးပါးခဲ့ပါတယ်။ ကိုစောလှိုင်ကတော့ ၂၀၁၁
အောက်တိုဘာ ၁၂ ရက်နေ့မှာ လွတ်လာပါတယ်။ ဆေးစစ်ချက်များအရ စီပိုးကူးစက်နေကြောင်းတွေ့ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲမှာ NLD အတွက် ၀င်ေ၇ာက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေစဉ်မှာ ကျန်းမာရေးဆိုးဝါးလာတဲ့အတွက် ဆေးထပ်စစ်ရာ( HCC ) Hepato Cellular
Carcinoma ခေါ် အသဲကင်ဆာဖြစ်နေတာ သိလိုက်ရပါတယ်။ အသက်ရှင်ရန်
အသဲအစားထိုးကုနည်းမှတပါး တခြားမရှိဘူး။
အိန္ဒိယ မှာ နံမည်ကျော်ဆေးရုံတခုက ကုသပေးနေကြောင်းသိရပြီးဒေါ်အောင်ဆန်း
စုကြည်မှလည်း သွားရောက်ကြိုးစားဘို့ တိုက်တွန်းတဲ့အတွက် ထွက်ခဲ့ပါတယ်။
ဆေးရုံက နယူးဒေလီ မှာရှိပြီး Medanta ( မီဒန်တာ ) နောက် ဒေါ်အောင်ဆနုး
စုကြည်မှလည်းဆေးရုံနဲ့ တာဝန်ခံ ခွဲပေးမယ့်ဆရာဝန်ဆီ အတတ်နိုင်ဆုံးကြိုးစား
ကုသပေးဘို့ ပုဂ္ဂိုလ်ရေးမေတ္တာရပ်ခံစာ ၂စောင် ရေးပေးလိုက်ပါတယ်။
ပထမ ပတ်စ်ပို့ မရနိုင်လို့ အတော်ကြိုးစားပြောဆိုခဲ့ရပါသေးတယ် ။
သားတယောက်သမီးတယောက်ရှိပါတယ်။ သား က ဇွဲ၇န်နိုင်လို့ခေါ်ပါတယ်။
ဖခင်ထောင်ကျစဉ် ကာလ ကသာထောင်ကို ပုံမှန်သွားတွေ့နေတဲ့ လိမ္မာတဲ့
သားတယောက်ဖြစ်ပါတယ် ။ သူက မဆိုင်းမတွ သူ့အသဲကို လှူမယ်လို့
ဖခင်ကိုပြောပါတယ်။
တကယ်တမ်း ဆေးစစ်ဆေးကု စရိတ်မှာ ရူပီး သိန်း အစိတ်။ (အမေရိကန်ဒေါ်လာ
၅သောင်းကျော်ကုန်) မှာမို့ မတတ်နိုင်ပဲ ပြန်ရမယ်ဖြစ်နေစဉ် မန္တလေးမှ အမျိုးများ
မိတ်ဆွေများ ရန်ကုန်မှလုပ်ဖေါ်ကိုင်ဖက်များ အမေရိကား သြစတေးလျ စတဲ့
နေရာစုံမှာ မိတ်ဆွေများ ၀ိုင်းဝန်းကာ ရှာဖွေ ကူညီလှူဒါန်းတဲ့အတွက် အခု
အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။
အခု စကားပြောလို့ရနေပါပြီ။ ဒီနေ့ လမ်းစလျှောက်နေပါပြီ။ ဆက်လက်ကုန်ကျစားရိတ်မှာဆက်လက်စားရမယ့်ဆေးများပြည့်စုံအောင်ဝယ်ပြီး
မြန်မာပြည်ပြန်ရောက်သည်အထိ နောက်ထပ်ဒေါ်လာ ၆၀၀၀ ခန့်ကျန်သေးတာကို
ဆက်လက် အလှူခံဘို့ ရှာဖွေနေကြပါတယ်။ ဒီလောက်ဆိုပြည့်စုံပါပြီ သူ့ကို စောင့်ရှောက်နေတဲ့ ဒေါ်စိန်စိန်ဆီကို ဖုံးဆက်မယ်ဆို ရင် တော့
( ၀၀ ၉၁ ၈၄၄ ၇၃၂ ၆၈ ၅၃) အိန္ဒိယနိုင်ငံဖုန်းနံပါတ် ဖြစ်ပါတယ်။
ဦးခွန်ဆိုင်း ပြောပြချက်ဖြစ်ပါတယ်။
ဦးစောလှိုင် ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊
ဗန်းမောက်အမျိုးသားလွှတ်တော် လစ်လပ်နေရာ မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ဖို့ 
အမည်စရင်းတင်သွင်းထားရာမှာ ပင်လည်ဘူးမြို့နယ်ကြံဖွတ်ပါတီမှဝင်ရောက်
ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်မြ မှကန့်ကွက်မှု့ ကြောင့် ရွေးကောက်ပွဲ
ကော်မရှင် ကပယ်ဖျက်လိုက်သူပါ။ ကန့်ကွက်ရသည့် အကြောင်းအရင်းမှာ ဦးစောလှိုင် သည်၁၉၅၆ ခုနှစ်တွင်မွေးဖွားခဲ့ပြီး
သူ့ဖခင်မှာ ၁၉၅၉ ခုနှစ်မှသာနိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ယူရရှိခဲ့သော
လူမျိုးခြားဖြစ်နေသောကြောင့်ဟုသိရပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းသည်
“နိုင်ငံသားဖြစ်ရမည်" ဟု ဖေါ်ပြထားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေတွင်မူ
"နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ရမည်” ဟု တမူကွဲစွာ ဖေါ်ပြထားတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်
၄၈ ဦးအနက် ၄၇ ဦးကို ကိုယ်စားလှယ်လောင်းများ အဖြစ် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်မှ ကြေညာပြီးဖြစ်ပါတယ်။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge