Friday, March 2, 2012

ဒေါ်အောင်ဆန်းစုကြည် အား ကလောမြို့ လူထုသောင်းနှင့်ချီကြိုဆို

ရှမ်းတိုင်းရင်းသားဝတ်စုံနှင့် ကလောမြို့ လူထုကို ဟောပြောနေစဉ်

လူထုဟောပြောပွဲတက်ရောက်လာတဲ့ ကလောမြို့ လူထု

ကလောမြို့ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် (ဓါတ်ပုံ-Myanmar News Now)
အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်ရှိ စစ်တပ်နယ်ဖြစ်တဲ့ ကလောမြို့ကို ရောက်နေပြီး ထောက်ခံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် ပြောင်းလဲဖို့ တပ်မတော်ရဲ့ အကူအညီနဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

“(ဖွဲ့စည်းပုံ အခြေခံဥပဒေကို) မပြောင်းလဲဘဲနဲ့ ဒီမိုကရေစီ အခြေခံအဆောက်အဦက မခိုင်မြဲနိုင်ပါဘူး။ ဒီလို ပြောင်းလဲတဲ့အချက်ကို ပြောင်းလဲတဲ့နေရာမှာ တပ်မတော်ကလည်း ပါဖို့ လိုတယ်ဆိုတာ အတိအလင်း ပြောပါရစေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေခိုင်မာမှ ကျမတို့နိုင်ငံ ခိုင်မြဲမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောင်းလဲဖို့ဆိုတာ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တာမို့လို့ တပ်မတော်ကလည်း ကျမတို့နဲ့အတူတူ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ချင်တယ်ဆိုတာကို ပြခြင်းအားဖြင့် တပ်မတော်သား အားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြပါ။”

လွတ်လပ်ရေးကြိုးပမ်းမှုကာလက ပြည်သူနဲ့ တပ်မတော် အပြန်အလှန် ချစ်ခင်မှု၊ အားကိုးမှု ရှိခဲ့တဲ့အခြေအနေမျိုး အခုလည်း ဖြစ်စေချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး အရေးကြီးတဲ့ အကြောင်း၊ တရားဥပဒေ စိုးမိုးရေးဟာ ပြည်သူလူထုကို အကြောက်တရားကနေ အကာအကွယ် ပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်း-ဒီဗွီဘီ ဓါတ်ပုံ (Myanmar News Now)
Unknown at 12:38 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.