Wednesday, February 29, 2012

ရတနာပုံ တယ်လီပို့ Web Protal ဌာနမှ ဝန်ထမ်းများအတွက် အမှူဆောင် အရာရှိချုပ်ဦးတင်ဝင်းရဲ့ ဖြေရှင်းချက်


ရတနာပုံ တယ်လီပို့
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံ တယ်လီပို့ Web Portal ဌာန ၀န်ထမ်းတွေဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဦးမျိုးညွန့်အောင်ရဲ့ အာဏာသုံး ရိုင်းပျကြမ်းတမ်းစွာ ဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ တိုင်ကြား ကန့်ကွက်လိုက်တာကို ယနေ့ (၂၈.၂.၁၂) ရက်နေ့တွင် ရတနာပုံ တယ်လီပို့ အမှုဆောင်အရာရှိချုပ်ဦးတင်ဝင်းမှ Web Portal အပါအဝင် ရတနာပုံ တယ်လီပို့ (ပြင်ဦးလွင်) ရှိ ဝန်ထမ်းများ အားလုံးနှင့် တွေ့ဆုံပြီး အရေးပေါ်အစည်းအဝေး တစ်ခု ပြုလုပ်သွားကြောင်း သိရပါသည်။    

အမှုဆောင်အရာရှိချုပ်က တိုင်ကြားစာပါ အချက်(၂)ချက်ကို အခြေခံပြီး လာရောက် ဆွေးနွေး နှစ်သိမ့်ပေးသွားပါတယ်။ ပထမအချက်ဖြစ်တဲ့  "ရတနာပုံ Web Portal ရဲ့ ဌာနကြီးမှူး ဦးမျိုးညွှန့်အောင်ကို အားလုံးကမကျေနပ်ကြပါဘူး။ အဲဒီအတွက် အထက်ကနေ ထိထိရောက်ရောက် အရေးယူပေးရန်" ဆိုတဲ့ အချက်ကို ပြန်လည် ဆွေးနွေးရာတွင် ရတနာပုံ Web Protal ဝန်ထမ်းများ၏ သဘောထားအားသူကောင်းစွာ သဘောပေါက်ကြောင်း သူ့အနေဖြင့် အကောင်းဆုံး ဘက်ညီဆုံး သင့်တင့်မျှတဆုံးသော အဖြေကို ရှာမည်ဖြစ်ကြောင်း အားလုံးရဲ့ စိုးရိမ်ထိတ်လန့်မှု စိတ်ဓာတ်ပျက်ပြားမှုများကို ကောင်းစွာသဘောက်ပေါက်ကြောင်း အားလုံးမျှော်လင့်ထားတဲ့ ရလဒ်မျိုးကိုသာ စဉ်းစားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသွားကြောင်း သိရပါတယ်။

နောက်တချက်က "ရတနာပုံ ဌာနကြီးမှူး ဖြစ်သော ဦးမျိုးညွန့်အောင်က ဆိုလာစက်ရုံတွင် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရန် ခေါ်သွားတဲ့ လူ ၁၇ ယောက်စာအတွက် ကုမ္ပဏီဘက်က ပြန်စဉ်းစားပေးပါရန်" ဆိုတဲ့ အချက်အပေါ်ကို အမှုဆောင်အရာရှိချုပ်က အားလုံးဟာ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဌာနမှာသာလျှင်  မူလအတိုင်း ဆက်လက် လုပ်ဆောင်ရန် အတည်ပြုပြောကြားသွားသည်။ ပြောင်းရွှေ့ခံ ဝန်ထမ်းများ အပေါ် ရတနာပုံ ဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင်၏ ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုမှာ မှန်ကန်ကြောင်းဦးမျိုးညွန့်အောင်ကိုယ်တိုင် အမှုဆောင်အရာရှိချုပ်ထံ ဝန်ခံကတိပြုသွားကြောင်း သိရပါသည်။

ရတနာပုံ တယ်လီပို့ အမှုဆောင် အရာရှိချုပ်က ဦးမျိုးညွှန့်အောင် အား ဌာနကြီးမှူး အဖြစ်မှ နှုတ်ထွက်ပေးရမည် ဆိုသည့် Web Portal ဝန်ထမ်းများ၏ တောင်းဆိုချက်ကိုမူ ပြန်လည် သုံးသပ်ပြီး တရားမျှတစွာ ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။ အမှုဆောင်အရာရှိချုပ်၏ တရားမျှတစွာ ဖြေရှင်းပေးမည်ဟူသော ပြောကြားချက်ကို ဝန်ထမ်းများ အားလုံးမှ ယုံကြည်မျှော်လင့် စောင့်စားနေကြကြောင်းလည်း သိရှိရသည်။

သိုဖြစ်ပါ၍ အမှုဆောင်အရာရှိချုပ်အနေဖြင့် ဖြစ်ရပ်အားလုံးအပေါ်ကိုလည်း သိရှိပြီး ဝန်ထမ်းများနှင့်လည်း တွေ့ဆုံ ဆွေးနွေးပြီးဖြစ်သောကြောင့် ရတနာပုံ ဝဘ်ပေါ်တယ် ဝန်ထမ်းများအားလုံးရဲ့ ညီညွတ်သော ဆန္ဒနှင့် သဘောထားများကို သိရှိပြီး ညီညွှတ်မျှတသော မှန်ကန်သော ဘက်ညီသော တရားနည်းလမ်းကျ ဖြေရှင်းမှု့ကို ပြုလုပ်မည်ဟု ယုံကြည် မျှော်လင့်ထားကြကြောင်း ရတနာပုံ ဝဘ်ပေါ်တယ် ဝန်ထမ်းများက Myanmar News Now ကို ပြောပြပါသည်။
သစ်ထူးလွင်
Unknown at 9:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.