Monday, February 20, 2012

လွတ်လပ်သောအာရှအသံRFAအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ်လာရောက်မည်

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော် အခြေစိုက်လွတ်လပ်သော အာရှအသံ Radio Free Asia-RFA ၏ အရှေ့တောင်အာရှ ဒေသအမှုဆောင် ထုတ်လုပ်မှုအရာရှိနှင့် ဒုတိယညွှန်ကြားရေး မှူး ဆူစန်လာဗရီ၊ RFA မြန်မာပိုင်းအစီအစဉ်ဌာနမှူး ဒေါ်ငြိမ်းရွှေနှင့် RFA သတင်းထောက်နှင့် အစီအစဉ်တင် ဆက်သူ ဦးကျော်ကျော်အောင်တို့ လာမည့်ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တ ရားဝင်လာရောက်မည်ဖြစ်ကြောင်း ကာယကံရှင်များ၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ၆ ရက်တာ ကြာမြင့်မည့် ၎င်းတို့၏ ခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုအစိုးရ တာဝန်ရှိသူအချို့၊ နိုင်ငံရေးပါတီအချို့နှင့် ပြည်တွင်းသတင်းမီ ဒီ ယာအချို့၊ အရပ်ဖက်လူ့အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံရန်ရှိကြောင်း ၎င်းတို့ကဆိုသည်။


RFA လွတ်လပ်သော အာရှအသံကို အမေရိကန်ကွန်ဂရက်၏ ထောက်ပံ့ငွေဖြင့် ၁၉၉၇ ခုနှစ် တွင် စတင်ထူထောင်ပြီး ထိုနှစ်တွင်ပင် RFA မြန်မာပိုင်းအစီအစဉ်ကို ထူထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် RFA ရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့သည်။

 The Voice Weekly Journal
Unknown at 9:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.