Tuesday, February 21, 2012

ရတနာပုံ Call Center သို့ မေးမြန်းသမျှ ဝန်ဆောင်ခပေးရပြီ

သတင်းအချက်အလက် မေးမြန်းနိုင်မည့် ရတနာပုံ Call Center ကို ယခုလမှစတင်ကာ မေးမြန်းမှုများအား ငွေကြေးကောက်ခံနေပြီဟု ဝန်ဆောင်မှုပေးသည့်Blue Oceanကုမ္ပဏီမှ သိရသည်။

”အခမဲ့ ဝန်ဆောင်မှု နှစ်လ ပေးထားတာ ပြည့်သွားပြီ ဖြစ်တဲ့ အတွက် အခုလိုမျိုး ငွေကြေး ကောက်ခံရခြင်း ဖြစ်ပါတယ်” ဟု ယင်းကုမ္ပဏီမှ မန်နေဂျာဦးထွန်း ထွန်းလင်း က ပြောသည်။ ငွေကြေးကောက်ခံမှု ပုံစံမှာCall Center မှ မည်သည့် ဝန် ဆောင်မှုများမဆို မေးမြန်းပါက ၁ မိနစ်လျှင် ၃ဝ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီးအဆို ပါ ငွေများကိုလည်း မြန်မာ့ ဆက် သွယ်ရေး ဖုန်းဘီလ်မှ နုတ်ယူသွားမည် ဖြစ်ကြောင်းဝန်ဆောင်မှုကိုလည်း ငွေကြေး ကောက် ခံသည့် ရက်မှ စတင်၍ ၂၄ နာရီ ပေးသွား မည်ဖြစ် ကြောင်း ၄င်းထံမှ သိရသည်။ ”မြန်မာ့ ဆက်သွယ်ရေး ဘီလ် ထဲ နုတ်ယူတဲ့ အပိုင်းမှာတော့ ငွေ ဖြည့်ကတ်နဲ့ မေးမြန်းတဲ့ ဖုန်းတွေ ဆိုရင်တော့ လွယ်ပါတယ်။ ကတ် ထဲကနေ ငွေကို နုတ်ယူသွားရုံပဲ။ ဘီလ်စနစ် အသုံးပြုတဲ့ ဖုန်းတွေ ဆိုရင်တော့ ဖုန်းမိနစ်မှာ Call Centerခေါ်ဆိုထားတယ်ဆိုတဲ့ ဝန် ဆောင်ခ ပေါ်လာ မှာပါ။ ဒီအ တွက် လည်း နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာထားပါတယ်။ လမ်းဘေး PCOဖုန်းတွေအတွက်လည်း အကြောင်းကြားထားပြီးပါပြီ” ဟု အထက်ပါပုဂ္ဂိုလ်က ဆက် လက် ပြောသည်။လက်ရှိတွင်Call Center အား ဝန်ထမ်း ၂၄ဝ ဖြင့် စတင်ဖွဲ့စည်း ထားပြီး နေ့ဘက်တွင် ဝန်ထမ်း ၁၆ဝ နှင့် ညဘက်တွင် ဝန်ထမ်း ၄ဝ ခန့် ထားမည်ဖြစ်ကြောင်း မေး မြန်းမှုကိုလည်း မြန်မာဘာသာ စကားအပြင် အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဘာသာစကားများဖြင့်လည်း မေး မြန်းနိုင်မည်ဖြစ်ပြီး ယင်း ဘာသာ စကားများ အနက် မြန်မာ၊ အင်္ဂလိပ် ဘာသာစကားများကိုသာ ၂၄ နာရီ ဖြေကြားပေးမည်ဖြစ်ပြီး ကျန် ဘာသာများကိုမူ နေ့ဘက်တွင် သာ ဖြေကြားပေးမည် ဖြစ်ကြောင်း ဆက်သွယ်မေးမြန်းနိုင် မည့် ဖုန်း နံပါတ်ကိုလည်း ၁၈၇၅၊ ၁၈၇၆၊ ၁၈၇၇၊ ၁၈၇၈ နံပါတ်များရှိသည့် အနက် ၁၈၇၆ ဖုန်းနံပါတ်တစ်ခု ဖြင့်သာ ဝန်ဆောင်မှု စတင်သွား မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ရတနာပုံ CallCenter အား ၂ဝ၁၁ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင် ဝန်ဆောင်မှုပေးခြင်း ဖြစ်ပြီး လက်ရှိ Call Center တွင် အပ် နှံထားသော ကုမ္ပဏီ ၂ဝ ကျော် ခန့်ရှိပြီဖြစ်ကြောင်း အပ်နှံသည့် ကုမ္ပဏီ ၂၄ဝ ပြည့်ပါက နောက် ထပ် Call Center တစ်ခု ထပ်မံ ဖွင့်လှစ် သွားမည် ဖြစ်ပြီး ရန် ကုန် Call Center အပြင် မန္တလေးCall Center ၊ နေပြည်တော် Call Center များကိုလည်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြော သည်။
ပေါ်ပြူလာဂျာနယ်
Unknown at 9:17 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.