Wednesday, February 29, 2012

သိချင်တာလေးတွေ (၁)

ဦးနေ၀င်း အစိုးရလက်ထက်နဲ့ ၁၉၈၈နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွေမှာ ချေးငှား သုံးစွဲခဲ့ လို. မြန်မာပြည်ဟာ အကြွေး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ  တင်နေကြောင်း  အစိုးရက တရားဝင်ထုတ်ပြန်လိုက်တဲ့အခါ အစိုးရအဆက်ဆက်၏ လွဲမှားတဲ့ စီးပွားရေးနဲ. စီမံခန်.ခွဲမှုတွေကြောင့် အာဏာရှင်တွေအုပ်ချုပ်ခဲ့လို့ ဒီလိုဖြစ်ရတာလို့ ပညာရှင်တွေရော မီဒီယာတွေကပါ တစ်လေသံတည်း ဝေဖန်ခဲ့ကြတယ် ။
လောလောဆယ် အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ-National Debt စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၄.၂ ထရီလီယံ ရှိတယ်။မြင်သာအောင်ပြောရရင် ဘီလီယံပေါင်း ၁၄၀၀၀ အကြွေးတင်နေတယ် ၊ နှစ် စဉ်နှစ်တိုင်း ဘတ်ဂျက် လိုငွေပြနေတယ် ကြွေးမြီကအကျမရှိဘူး။ အတက်ပဲရှိတယ်။ အခု အမျိုးသား ကြွေးမြီက ငါးနှစ်ကာလအတွင်း နှစ်ဆတိုးမြင့်သွားခဲ့ တာဖြစ်တယ်။ ဒီအထဲမှာတရုတ်ကို  ဘီလီယံ ၇၀၀၀ ကျော် ၊ ဂျပန်ကို ၈၈၆ ဘီလီယံ ဆပ်စရာရှိနေတယ် ။အကြွေးဆိုတော့အတိုးပေးရတာပေါ့ ။ အိုဘားမားရဲ့ ၂ဝ၁၂ ဘတ်ဂျက်မှာ အတိုးပေးဖို့ လျာထားငွေ တောင် အမေရိကန်ဒေါ်လာ ၂၆ဝ ဘီလီယံရှိတယ်။
သူတို့တိုင်းပြည်မှာ စစ်တပ်ကအာဏာသိမ်း အုပ်ချုပ်သွားတာမျိုးမရှိသလို ၊ ဦးနေ၀င်း ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့လည်းအမေရိကားကိုသွားပြီး တွဲဘက်အုပ်ချုပ်ခဲ့တာမရှိပါဘူး ၊ ဘယ်လိုစီမံခန့်ခွဲမှု အမှန်တွေကြောင့် ဒီလောက်အကြွေးတွေ တင်သွားရတာလဲ သိချင်လှတယ် ။

ဒေါက်တာဆိတ်ဖွား
Unknown at 9:28 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.