Saturday, February 4, 2012

အွန်လိုင်း အချစ်ဇတ်လမ်းများနှင့် စိတ်မကောင်းစရာ ရင်နင့်ဖွယ် အဖြစ်အပျက်များ


ယနေ့ ခေတ်စားနေကြသော အွန်လိုင်း အချစ်ဇတ်လမ်းများနှင့် စိတ်မကောင်းစရာ ရင်နင့်ဖွယ် အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို မြင်တွေ့ရ ကြားသိရသမျှ နားမဆံ့တဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ကျမ ပြောချင်တဲ့ အဓိက ဇတ်ဆောင်များကတော့ တိုင်းပြည်ဘဏ္ဍာနှင့် ပညာ သင်ကြားနေကြသော ရုရှားနိုင်ငံမှ ပြည်ချစ်သားများနှင့် နိုင်ငံတကာမှ ညီမများ မမများပါပဲ။ အခုလို ရေးရတဲ့ အတွက် မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်နစ်နာ လိုစိတ်မရှိပါ။ မိန်းမသားများ အတွက် အသိပညာပေးလိုသော စေတနာသာ ပါဝင်ပါတယ်။

ဖြစ်ပုံများကတော့ .... ၂၀၀၉ နှစ်ရဲ့ ဧပြီလလောက် ကပေါ့..... စကာင်္ပူက ပီအာ ရပြီးသား ညီမလေး တစ်ယောက် ကျမကို ဖုန်းဆက်လာတယ်။ မမရယ် ကူညီပါအုံးတဲ့ ... သူ့ချစ်သူက သူ့ကို အတွေ့မခံပဲ ရှောင်နေလို့ပါတဲ့လေ။ ကျမသိသလောက် သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းက အွန်လိုင်းကနေတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ကောင်လေးကတော့ မော်စကိုမှာ စာသင်နေတဲ့ စစ်ဗိုလ် ဆရာဝန်တစ်ယောက်ပေါ့...။ ဒီလောက်ဆို စာဖတ်သူများ နားလည် သဘောပေါက်လောက်ပါပြီ။ သူတို့နှစ်ဦး အကြောင်းကို နှစ်ဖက် မိသားစုများကအစ သိထားကြပါတယ်။ ကောင်လေးကတော့ နယ်မြို့တစ်မြို့ကပါ။ ကောင်မလေးက ရန်ကုန်ကပေါ့။ ကောင်လေး မော်စကိုမှာ နေစဉ်တလျှောက် လိုအပ်သမျှ အစားအသောက်ကအစ အဲဒီညီမလေးဆီကို မှာနေကြပါ။ အဲဒီညီမလေးကလည်း ဘာပဲ မှာမှာ ရောက်အောင် ၀ယ်ပြီး ပို့ခဲ့ပါတယ်။ ဇတ်လမ်းအကြမ်းလေးကတော့ ကောင်လေးဟာ မြန်မာ ပြန်ရောက်သွားကတည်းက သူ့ကို ရှောင်နေပါတယ်။ ဖုန်းဆက်လည် မကိုင်ဘူး။ နောက်ဆုံး သူ ကျမကို ရင်ဖွင့်ပြီး မြန်မာကို လိုက်သွားပြီး တွေ့မယ်၊ ပွင့်ပွင့်လင်းလင်း မေးမယ်ပေါ့။ ကျမလည်း အင်း.... တစ်လုံးကလွဲလို့ အကြံမပေးတတ်ဘူးလေ။ ဒီလိုနဲ့ သူပြန်သွားပြီး တစ်ပတ်အကြာမှာ မေလ်းရောက်လာတယ်။ သူတို့ ပြန်အဆင်ပြေသွားကြလို့ အခု ခရီးတွေတောင် အတူတူ သွားကြတယ်တဲ့။ ကျမလည်း ၀မ်းသာမိပါတယ်။ ဒါဟာ သတင်းကောင်းလို့ပဲ ထင်ခဲ့တယ်။

ဒါပေမယ့် ကျမထင်ထားသလို မဟုတ်ခဲ့ပါဘူး။ ကောင်မလေးက သူမပြန်ခင် လက်ထပ်ခွင့် ရအောင်လုပ်ပြီး သူ့ကို လက်ထပ်ခိုင်းတော့ ကောင်လေးက သူမယူနိုင်ဘူးတဲ့လေ...။ သူ့မှာ လက်ထပ်ရမယ့်သူက ရှိပြီးသားတဲ့။ မိန်းမသားဘ၀ တောင်းပန်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။ နောက်ဆုံးသိရတာကတော့ အဲဒီညီမလေးကလည်း ဘယ်လို ဆုံးဖြတ်လိုက်တယ် မသိဘူး။ အဲဒီညီမလေးက သူကိုယ်တိုင် အရှက်ခွဲ ခံပြီး စစ်ခုံရုံးကို တင်ပြီး တရားစွဲပါတော့တယ်။ ကောင်လေးကလည်း အစစ်ဆေး ခံရပြီး ရာထူးလည်းပြုတ်၊ ထောင်ကျသွားခဲ့တယ်။ ကောင်မလေးက သူတို့ ခရီးသွားခဲ့တုန်းက ဓါတ်ပုံတွေနဲ့ တည်းခဲ့တဲ့ ဟိုတယ်တွေ နေ့ရက် အချိန်တွေကိုပါ အတိအကျ ရုံးတော်ကို သက်သေတင်နိုင်ခဲ့လို့ပေါ့။ ဒါပေမယ့် မိန်းကလေး ဘ၀ ဘာဖြစ်သွားလဲ။ ဒီလို အဖြစ်အပျက်တွေ ကျမတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်များ များပြားနေလဲဆိုတာ မသိနိုင်ဘူးနော်။

အခုဆိုရင် နိုင်ငံတကာက မိန်းကလေးတွေ တော်တော်များများဟာ ရုရှားက စစ်ဗိုလ်တွေနဲ့ အွန်လိုင်းမှာတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ရာက တဆင့်တက်လို့ ရုရှားအထိ သွားရောက်လည်ပတ် အတူနေထိုင်နေကြတယ်လို့ အတိအကျကို သိနေရပါတယ်။ အထူးသဖြင့် ဒူဘိုင်းနဲ့ စကာင်္ပူနိုင်ငံက မိန်းကလေးတွေ တော်တော်များများပါပဲ.....။ ၂၀၀၉ အောက်တိုဘာကလည်း ဒူဘိုင်းက ညီမလေးတစ်ယောက် မော်စကို (MEPHI) က သူ့ကောင်လေး စစ်ဗိုလ်ဆီ သွားလည်တယ်တဲ့။ အခုလည်း စင်္ကာပူက ညီမလေး တစ်ယောက် ထပ်သွားပြန်ပြီ။ နောက်ထပ် ရုရှားကို သွားဖို့ စီစဉ်နေကြတဲ့ ညီမလေးတွေ အများအပြား ရှိနေပါသေးတယ်။ ဒါက အခုလက်ရှိ ကျမ ပတ်ဝန်းကျန်မှာ မြင်နေရတာပါ။ ကျမ မသိတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဒါမျိုးတွေ များပြားနေမလဲဆိုတာတော့ ကျမ မသိပါဘူး။ ကျမ ဒီသတင်းတွေ ကြားရရင် နှစ်ဦး စလုံးအတွက် ရင်လေးမိ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီတော့ ကျမ အပေါ်ကတင်ပြသွားခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ မဖြစ်လာရအောင် သတိပေးတဲ့ အနေနဲ့ ဒီပိုစ့်လေးကို ရေးသားလိုက်ရတာပါ။ မိန်းကလေးတွေကိုလည်း သတိပေးချင်သလို၊ ရုရှားရောက် ပြည်ချစ်သားများကိုလည်း သတိပေးချင်ပါတယ်။ ပြည်သူ့ဘဏ်ဏ္ဍာနဲ့ စာသင်ဖို့ လွှတ်ထားတယ်ဆိုတာကိုလည်း သတိထားစေချင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လို နေရမယ် ထိုင်ရမယ်ဆိုတာကိုလည်း နားလည်စေချင်ပါတယ်။ ကိုယ်လက်မထပ်နိုင်ပဲ သူများ သားသမီးတွေကို အခုလို ခေါ်ပြီး အပျော်မရှာပါနဲ့။ ကိုယ့်ဘ၀နဲ့ တန်တဲ့ မိန်းမမျိုးကိုပဲ ရှာယူကြပါလို့။ တာဝန်ရှိသူများကလည်း အခုလို အဖြစ်မျိုးတွေ မဖြစ်ရလေအောင် ထိန်းသိမ်း သင့်ထယ်လို့ ထင်မိပါတယ်။ ရုရှားပို့ထားပြီး ဘာမှ မသိသလို မနေကြပါနဲ့။ ပြည်ချစ်သားများ နိုင်ငံသားကောင်းများ နိုင်ငံတကာမှာ နာမည်ပျက် နေတာကိုလည်း သတိထားနိုင်ကြာပါစေ။ မိန်းကလေးများကလည်း မိမိရဲ့ တန်ဘိုးရှိလှတဲ့ ဂုဏ်သိက္ခာကို တန်ဘိုးထားကြစေချင်ပါတယ်။ှ

ရုရှားမှ ကိုကိုတွေ မောင်မောင်တွေ အနေနဲ့ကလည်း စာသင်တဲ့ ကာလက နဲနဲရယ်၊ အချိန်ပြည့် အွန်လိုင်းမှာ အချိန်ဖြုန်းနေကြသလိုပါပဲ။ အတူနေတဲ့ ညီမလေးတွေ ပြောသမျှ အွန်လိုင်းမှာ (၁၀) ယောက်မှာ (၉) ယောက်က ရုရှားက စစ်ဗိုလ်တွေပါတဲ့လေ။ အော် ...... တော်တော်ဆိုးတာပဲနော်။ တနေ့မှာ တိုင်းပြည်ကို ဘယ်လိုများ ထိန်းသိမ်း စောင့်ရှောက်ကြပါ့မလဲ...။ အပေါ်က တင်ပြသွားတဲ့ တကယ့်အဖြစ်အပျက်လေးကို ကျမ လူနာမည် အတိအကျ၊ ဗိုလ်သင်တန်း အပတ်စဉ်တွေကိုပါ ပြောပြနိုင်ပါတယ်။

ဒီနေ့ဟာ ဒီဇင်ဘာ (၃၀) ရက်နေ့ အမေများနေ့ပါရှင်....... ဒါကြောင့် သားသမီးတွေ အားလုံးရဲ့ မိခင်ကိုယ်စား ကျမက ဒီပိုစ့်လေးနဲ့ မိန်းကလေး၊ ယောကျာင်္းလေး ခွဲခြားခြင်းမရှိပဲ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးလေးတွေကို တင်ပြရင်း ဆုံးမလိုက်တာပါ။ နားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူတိုင်းအချစ်နဲ့ မကင်းနိုင်သလို တန်ဘိုးရှိတဲ့ မြင့်မြတ်တဲ့ ချစ်ခြင်းတွေနဲ့ တဘ၀လုံး လုံခြုံအေးမြ နိုင်ကြပါစေ....

ခင်မင်လေးစားလျှက်
Unknown at 9:53 AM
Share

2 comments:

  1. zawmoehetetFebruary 5, 2012 at 7:00 PM

    စစ်သားလို့ ခေါင်းစဉ်တပ်လိုက်တာနဲ့ လူ့တန်ဘိုးကို လူလိုမသိတဲ့လူတစ်ယောက်ဖြစ်သွားပါပြီ ။ စစ်သားတွေမှာ လူ့ကျင့်ဝတ်န်ာပယ်နဲ့ ပတ်သက်တဲ့ သင်ပေးမထားပါဘူး ။ သူတို့သင်နေရတဲ့ ပညာရပ်တွေက အမိမြေကာကွယ်ဘို့ သင်တာမဟုတ်သလို ကာကွယ်မဲ့ရည်ရွယ်ချက်လဲ နည်းကြပါတယ် ။စစ်သားလုပ်ရင်ချမ်းသာမယ် ။ အာနာရမယ် ။ ဒီရည်ရွယ်ချက်တွေက များပါတယ် ။ ဘာမှမသိတဲ့ မိုက်ရုးရဲအရွယ်ဆယ်တန်းအောင်တော့ စစ်ထဲဝင် စစ်တပ်က မဟုတ်တာတွေသင်ဆိုတော့ ဘယ်မှာလာကောင်းနိုင်ပါတော့မလဲဗျာ ။ မှတ်ဥာဏ်အကောင်းဆုံးအချိန်မှာ မဟုတ်တာတွေ ရိုက်သွင်းခံလိုက်ရတဲ့သဘောပါပဲ ။ အဲဒီတော့ မိုးကတော့ ရွာနေမှာပါဘဲ ။ မိုးမစိုအောင် ထီးဝယ်ဆောင်းရမှာ ဒို့မိဘတွေတာဝန်ပါပဲ ။

    ReplyDelete
    Replies
      Reply
  2. pan siFebruary 15, 2012 at 1:06 PM

    ခုလိုတင်ပေးတာကောင်းပါတယ်

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.