Friday, February 10, 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ နှင့် ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးသွားရောက်မည်

 မြန်မာပြည်တောင်စွန်းဖြစ်သည့် မြိတ်မြို့နှင့် မြောက်စွန်းဖြစ်သည့် ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီး သွားရောက် မည်ဖြစ်ကြောင်း သိရသည်။    
´´မတ်လ ၃ ရက်နေ့ မြိတ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်ရောက်လိမ့်မယ်´´ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တနင်္သာရီတိုင်းတာဝန်ခံ ဦးလှမင်းက ပြောသည်။
ကချင်ပြည်နယ်သို့ သွားရောက်မည့်ရက် မသတ်မှတ်ရသေးသော်လည်း၊ သွားရောက်ရန်အစီအစဉ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးခရီးစဉ်အား ယာယီရပ်ဆိုင်းလိုက်ပြီးနောက် ပြောကြားခဲ့သည်။
လက်ရှိသွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်များသည် ပါတီစည်းရုံးရေးခရီးစဉ်ဖြစ်သော်လည်း နောက်လာမည့်ခရီးစဉ်များသည်
မဲဆွယ်စည်းရုံးရေးပါလုပ်ဆေင်လာနိုင်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်အထိ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို စီစစ်ပြီး
အတည်ပြုပြီးနောက် မဲဆွယ်စည်းရုံးရေးစတင်ရမည့်အချိန်ကို သက်ဆိုင်ရာကော်မရှင်ရုံးများမှ ကြေညာချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း NLD
အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောသည်။
´´အန်ကယ်တို့ မဲဆွယ်စည်းရုံးရေးစမယ့်နေ့ကို စောင့်နေပါတယ်´´ဟု ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာကော်မရှင်က ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် ကိုက်ညီမှုရှိ မရှိစီစစ်ပြီးဖြစ်သည်။       
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံးကို စည်းရုံးရေးခရီးသွားရောက်နိုင်မည်မဟုတ်ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို ပြည်သူလူထုက ၁၉၈၉ ခုနှစ်စည်းရုံးရေးခရီးစဉ်ကဲ့သို့အားပေးထောက်ခံလျက်ရှိကြောင်းသိရသည်။ ပါတီစည်းရုံးရေးခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီကို မဲပေးကြရန်တိုက်တွန်းပြီး NLD ကိုယ်စားလှယ်လောင်းများကိမူမဲဆွယ်စည်းရုံးရာတွင် မလုပ်ဆောင်ပေးနိုင်သည့် 
ကတိမျိုးကို မပေးကြန်ရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေးကို ပဲခူးမြို့ ၊ ထားဝယ်ဒေသ၊ မောင်းမကန်ကမ်းခြေ၊ ပုသိမ်မြို့များသို့ သွားရောက်ပြီး ဖေဖော်ဝါရီ ၁၁
ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်အရွေးခံမည့် မဲဆန္ဒနယ်သို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

ဆက်နိုင် (မြန်မာပို့စ် ဂလိုဘယ်လ် သတင်းဂျာနယ်)
Unknown at 10:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.