Monday, February 27, 2012

ချိုသာယဉ်ကျေးသော ရတနာပုံဝဘ်ပေါ်တယ်မှ ကိုကို


"ညည်းကြပ်ကြပ် သတိထား၊
  လူပါးမဝနဲ့
  င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား
 လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လည်း"
 
ဆိုသော ခြိမ်းခြောက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ပြောင်းရွှေ့ခံ ဝန်ထမ်းများမှ မိမိတို့ မူရင်းဌာနတွင် ထမ်းဆောင်သော တာဝန်ဝတ္တရားများကို ပြောကြားရာ

"အဲဒါတွေ င့ါကို လာမပြောနဲ့

ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့" ဟု ပြောပြီး ပြောင်းရွှေ့ခံဝန်ထမ်းများ၏ ပညာအရည်အချင်းကို မေးပါသည်။ ထိုသို့မေးကြားပြီး

"နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း

 အင်္ဂလန်ကလား အမေရိကန်ကလား
ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်း
ရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့"

ခြိမ်းခြောက်ပြောဆိုပါသည်။


ထို့နောက် ပြောင်းရွှေ့ခံရသော ဝန်ထမ်းများမှ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်များကို မေးရာ


"ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့" ဆိုပြီး ဟိန်းဟောက်ပြောဆိုပါသည်။


ထို့နောက် စောင့်ဆိုင်းခိုင်းထားသော အခန်းသို့ ပြန်လည်ပို့လွှတ်ပြီး  ဗိုလ်ကြီးဦးဇော်လွင်ဦးမှ


"နင်တို့ ခုနက ငါမသွားခင် သေချာမှာပြီး ပြောခဲ့တဲ့

စကားလေးခွန်းကို မှတ်မိသေးလား" ဟု ပြန်လည်မေးမြန်းပါသည်။ ထိုစကားလေးခွန်းမှာ
 "တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
  တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်
  ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်
 ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်" ဆိုတဲ့ စကားဖြစ်ပါသည်။

ထို့နောက် အမျိုးသားအဆင့် ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) နှင့် တွေ့ဆုံချိန်က ဦးမျိုးညွှန့်အောင် မေးမြန်းသော လက်ဝါးနှင့် မျက်နှာ ဘယ်ဟာကြီးလဲဟု မေးမြန်းချက်ကို  မျက်နှာကြီးပါသည်ဟု  ပြန်လည်ပြန်လည်ဖြေဆိုမှုမှာ မှားယွင်းကြောင်း ပြောဆိုပြီး  ဖြေဆိုသင့်သည်မှာ


"ဟုတ်ကဲ့ ဗိုလ်မှူး ဟုတ်ကဲ့ လက်ဝါးကြီးပါတယ်" လို့ ခေါင်းငုံ့ဖြေဆိုသင့်ကြောင်း ပြောပါသည်။ ထို့နောက် ပြောင်းရွှေ့ခံ ဝန်ထမ်းများမှ မူရင်းဌာနသို့ ပြန်လည်မေးမြန်းမည်ကို ပြောကြားရာတွင်


"မလိုဘူး။ မင်းတို့က အခု ရတနာပုံဝဘ်ပေါ်တယ်နှင့် လုံးဝမသက်ဆိုင်တော့ဘူး

မင်းတို့အားလုံး ဆိုလာလက်အောက် ရောက်နေပြီ
လူညီရင် ဤ ကျွဲဖတ်ကြပေါ့
စနေနေ့ ရုံးဖွင့်တယ်
ရုံးမတက်ရင် မင်းတို့အားလုံး ပျက်ကွက်လုပ်ပစ်မည်" ဟု ပြောပါသည်။

ထို့နောက် ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မူရင်းဌာနသို့ ပြန်လည်ရောက်ရှိ သတင်းပို့ပြီးချိန်တွင် အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဆိုသော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပြီး ပြောင်းရွှေ့ခံ ဝန်ထမ်းများကို ရုံးရှေ့သို့ ခေါ်ယူပြီး လာမည့် ၂၇.၂.၂၀၁၂ (တနင်္လာနေ့) တွင် ဆိုလာစက်ရုံသို့ အလုပ်ဆင်းရမည်ဖြစ်ကြောင်း အကယ်၍ လာမဆင်းနိုင်သူများ အလုပ်ထွက်ရမည်ဆိုသော ခြိမ်းခြောက်စကားပြောဆိုပြီး အလုပ်ထွက်ကြောင်း လက်မှတ်ထိုးခိုင်းပါသည်။

 ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မိမိပညာအရည်အချင်းနှင့် မကိုက်ညီသော အလုပ်ဖြစ်ရသည်ကတစ်ကြောင်း၊ မိမိသဘောဆန္ဒမပါ ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်းကတစ်ကြောင်း၊ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆို ဆက်ဆံခံရခြင်းကြောင့်တစ်ကြောင်း ဆိုလာစက်ရုံသို့ ပြောင်းရွှေ့လိုသော ဆန္ဒတစ်စုံတစ်ရာတောင်းခံခြင်းမရှိဘဲ အာဏာသုံး အတင်းအဓမ္မ လုပ်ဆောင်ခြင်းကို သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသောကြောင့် ယခုကဲ့သို့ အများပြည်သူ သိစေရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ရတနာပုံဝဘ်ပေါ်တယ်မှ ၀န်ထမ်းတဦး
Unknown at 10:25 AM
Share

1 comment:

  1. မြန်မာနိုင်ငံသားတစ်ဦးMarch 4, 2012 at 7:16 PM

    အဲလိုပြောတတ်ကြတဲ့မအေလိုးတွေ မြန်မာနိုင်ငံမှာအများကြီးဗျို့ ကောင်းအောင်ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘဲနဲ့အာဏာပြကြတာလေ။ လျှပ်စစ်ဝန်ကြီးပြောတာဆိုကြည့်ပါလား နိုင်ငံကိုချီလို့ ဒီနိုင်ငံမှာ လျှပ်စစ်နဲ့ပတ်သက်ရင်သူ့လောက်ဘယ်သူများတတ်လို့လဲဆိုတာ ဒါတောင်လူအများကြီးရှေ့မှာပြောတာနော် သူတို့တွေရဲ့သင်ခဲ့ရတဲ့ ဘ၀င်မြင့်သင်တန်းကျောင်းကအသိတွေကြောင့်နေမှာပေါ့ဗျာ ပွင့်ပွင့်လင်းလင်းပြောရရင် အလကားကောင်တွေ နိုင်ငံအပေါ်လိမ်နေတဲ့ကောင်တွေ

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.