Tuesday, February 21, 2012

ရွာပေါင်း ၁၀၀၀ မီးလင်းရေး စီမံကိန်းကို ဘိုင်အိုဒီဇယ် ကြက်ဆူဆီများဖြင့် မတ်လ အတွင်းစတင် ဆောင်ရွက်ရန် စီစဉ်




မြန်မာနိုင်ငံမှ သစ်တောပညာရှင် တစ်ဦးနဲ့ ဂျပန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်းကာ ဘိုင်အိုဒီဇယ် ကြက်ဆူဆီ မှတစ်ဆင့် ရွာပေါင်း တစ်ထောင် မီးလင်းရေး စီမံကိန်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အချို့မှာ လာမယ့်မတ်လ အတွင်းစတင် ဆောင်ရွက်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
အဆိုပါမီးလင်းရေး စီမံကိန်းကို ရှမ်းပြည်နယ် အင်းလေးဒေသ ၊ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွေရှိ ကျေးရွာများနဲ. ဧရာဝတီတိုင်းဒေသကီး မြစ်ဝကျွန်းပေါ် ဒေသရှိ ကျေးရွာတွေ မှာ ဆောင်ရွက်ပေး မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုမီးလင်းရေး စီမံကိန်း အတွက်ကိုတော့ ကြက်ဆူပင်များကို စိုက်ပျိုးပြီး အဆိုပါ ကြက်ဆူပင်မှ ရရှိလာတဲ့ ဘိုင်အိုဒီဇယ် ကြက်ဆူဆီနဲ့ မီးရရှိအောင် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
အဲ့ဒီ ရွာပေါင်း ၁၀၀၀ မီးလင်းရေး စီမံကိန်းမှာ စီမံကိန်း ပထမဆုံး စတင်အကောင်ထည်ဖော် မှုကိုတော့ ရှမ်းပြည်နယ် အင်းလေးဒေသရှိ ရွာပေါင်း ၁၀၀ ကျော်မှာ စတင်ပြုလုပ် မှာ ဖြစ်ပြီးနောက်ပိုင်းမှာ ကျန်ရှိတဲ့ စီမံကိန်းဝင် ဒေသတွေကို အဆင့်ဆင့် မီးလင်းစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
 
အဆိုပါ စီမံကိန်းကို အခု ၂၀၁၂ ခုနှစ် မတ်လမှ စတင်ကာ အကောင်အထည် ဖော်ဆောင်မှာဖြစ်ပြီး စီမံကိန်း ကာလကို အများဆုံး ၆ နှစ်ကြာ ကာလသတ်မှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ပြည်တွင်းမှာရှိတဲ့ သစ်တော ပညာရှင်တွေဟာ စီမံကိန်း အတွင်း ပါဝင်တဲ့ ကျေးရွာတွေကို လိုက်လံကာ လူမှုစီးပွားရေး စစ်တမ်းများ ကောက်ယူတော့မှာ ဖြစ်တယ်လို့ သတင်းရရှိပါသည်။
Unknown at 9:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.