Tuesday, February 28, 2012

အလှူရေစက် ပါးစပ်နဲ့မဟုတ်ပါ လက်နဲ့ပါ လှူနိုင်တန်းနိုင်ပါစေ... (တိုင်ကြားစာ)

ကုမ္ပဏီနာမည်ကတော့ (ရာဇသူရ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် နေပြည်တော်)တဲ့

ပါးစပ်နဲ့ ငွေတွေလှူပြီး လက်နဲ့ငွေတွေ မထုတ်လာသေးတဲ့ ကုမ္ပဏီအလှူ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် မြို့ပေါ်ဌာနဆိုင်ရာအသီးသီးနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ငွေကျပ် ၁၀ သိန်းစီ ပြည်ထောင်စုနေ့က ရာဇသူရအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် နေပြည်တော် မှ လှူဒါန်းခဲ့ပါသည်။ အလှူငွေလက်ခံရရှိသည့် အသင်းအဖွဲ့များမှလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။ သို့သော် အဆိုပါကုမ္ပဏီမှ လှူဒါန်းခဲ့သည်မှာ ပါးစပ်ဖြင့်လှူဒါန်းခဲ့ပြီး အလှူငွေများ ယခုအချိန်အထိ လက်ခံရရှိခြင်း မရှိသေးပါ။ အဆိုပါကုမ္ပဏီအားမေးမြန်းသောအခါ စီးပွားရေး အဆင်မပြေသဖြင့် ခဏစောင့်ပါရန် ပြောကြားပါသည်။

လှူဒါန်းခဲ့သည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာသင်ကျောင်းများ၊ ကုသိုလ်ဖြစ် ဆေးပေးခန်းများ အားလုံးစုစုပေါင်း (၃၅)ခု နှင့် လှူဒါန်းငွေစုစုပေါင်း သိန်း ၃၅၀ ခန့်ရှိသည်ဟု သိရှိရပါသည်။ ထပ်မံသိရှိရသည်မှာ အဆိုပါ ကုမ္ပဏီပိုင်ရှင်မှာ ဟင်္သာတမြို့သား လူမျိုးခြားတစ်ဦးဖြစ်ပြီး မည်သို့မည်ပုံ ချမ်းသာလာသည်ကို မသိရှိရပေ။ ကုမ္ပဏီအမည်တွင် နေပြည်တော်ဟုပါရှိပါသည်။ ယခုမှ ဟင်္သာတသို့ ပြန်လည်ရောက်ရှိလာပြီး ငွေကြေးအမြောက်အများကို လောလောဆယ် ပါးစပ်ဖြင့် လှူဒါန်းခဲ့သဖြင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လှူဒါန်းခဲ့သည်ကို မြို့ခံများမှ စိတ်ဝင်စားလျှက်ရှိပါသည်။
 
ဒီမိုဝေယံ
Unknown at 10:19 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.