Saturday, February 18, 2012

မြဝတီတွင် စက်မှုဇုန် တည်ထောင်မည်


ကရင်ပြည်နယ် မြဝတီမြို့၌ စက်မှုဇုန်တစ်ခု တည်ထောင်သွားရန်ရှိသည်ဟု နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ “လာမယ့် ဘဏ္ဍာနှစ်အတွင်း ဖြစ်လိမ့်မယ်။ ကရင်ပြည်နယ် အစိုးရအဖွဲ့ကပဲ ဒါကို အဓိက ဦးဆောင်သွားလိမ့်မယ်” ဟု ၄င်းကပြောသည်။ အဆိုပါ မြဝတီစက်မှုဇုန်ကို တည်ထောင်ပြီးပါက ကရင်ပြည်နယ်၌ စက်မှုဇုန်နှစ်ခု ရှိသွားမည်ဖြစ်ရာ ပြည်နယ်တွင်း ဖွံ့ဖြိုးမှုကို များစွာအထောက်အကူ ပြုပေးနိုင်မည်ဟု ၄င်းကဆက်လက် ပြောသည်။ မြဝတီစက်မှုဇုန်နေရာကို စိစစ်ရွေးချယ်နေပြီး အသေးစိတ် အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးနိုင်ဖွယ် ရှိသည်ဟု ၄င်းကဆိုသည်။ စက်မှုဝန်ကြီးဌာန အကြီးတန်းအရာရှိက “နယ်စပ်မှာ လုပ်ဖြစ်တာက အခု ငြိမ်းချမ်းရေး ယူထားတဲ့ သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ပြီးတော့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို အဓိက ရည်ရွယ်တယ်။ ဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ နေရာကို ရွေးထားတာ။ နောက်ပြီး ဒီနေရာက အလားအလာကောင်းတစ်ခုလည်း ဖြစ်တယ်” ဟု ပြောသည်။ ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်အတွက် မြဝတီမြို့၏ စီးပွားရေးအခြေအနေမှာ နဂိုကတည်းက ကောင်းမွန်ခဲ့သည်။ သည့်အပြင် ၂၀၁၁ နှစ်ကုန်ပိုင်းအတွင်းက နှစ်နိုင်ငံချစ်ကြည်ရေး တံတားကိုပါ ပြန်လည်ဖွင့်လှစ်လိုက်မှုများကြောင့်လည်း ဒေသခံများ၏ဝင်ငွေမှာ ပြန်လည်ကောင်းမွန်နေရာ မြဝတီမြို့တွင် စက်မှုဇုန် တည်မည်ဆိုပါက ဆိုဖွယ်ရာမရှိတော့ကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:14 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.