Monday, February 20, 2012

အာဏာစက်ထက် ခဲတံချွန်စက်ကမှ ပိုအသုံးဝင်ဦးမယ်.... (ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် အရေးယူမည်)

ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်နဲ့ထုတ်ပြန်ခဲ့တဲ့ အမိန့်စာကို ပယ်ချတဲ့
အာဏာပိုင်တွေကို ဘာစက်နဲ့ အရေးယူမလဲ...

ဒီကနေ့ထုတ် သတင်းစာမှာ ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် ဆောင်ရွက်မည်တဲ့။ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းကိုပါ ထိ...ပါးစော်ကားမှု ကျူးလွန်ခဲ့တယ်ဆိုလို့ ပြောရပါဦးမယ်။

နိုင်ငံတော်အဆင့် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက ရွှေညဝါဆရာတော်ကြီး တရားပြန်လည် ဟောခွင့်ပြုမိန့်အား ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တာကို ဥပဒေနဲ့ မညီဆိုပြီး ပြန်လည် ပယ်ချပိတ်ပင်တာ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်း ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်လို့ ဘာလဲဗျ...။

ရွှေညဝါဆရာတော်ကြီးအား ကျောင်းတိုက်မှ အဓမ္မဖယ်ရှားရေး ၄၇ပါးစုံညီ ထုတ်ပြန်စာကို `ဥက္ကဋ္ဌဆရာတော်ကြီး မသိပဲထုတ်ပြန်တာလည်း အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်ဘူးလား၊ လုပ်ရပ်လေခြင်းလို့ ဗန်းမော်ဆရာတော်ကြီး မိန့်တော်မူခဲ့တာ အတိအကျသတင်းပါ။

ဒီတော့ ဗန်းမော်ဆရာတော်ကြီးရဲ့ အမိန့်စာကို မထေမဲ့မြင်ပြု၊ ဗန်းမော်ဆရာတော်ကြီး မသိပဲ အစည်းအဝေးဆုံးဖြတ်ချက်တွေချပြီး ထိပါးစော်ကားတဲ့ အာဏာပိုင် အာဏာစက် သာသနာရေးဦးစီးဋ္ဌာနကို ဓမ္မစက်နဲ့ သာသနာတော်ကို အာဏာဖြင့် ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိလို့ ပြန်အရေးယူ ထုတ်ပြန်ရင် လက်ခံမလား..

လက်ရှိ အာဏာအတွက် သာသနာကို ခုတုံးလုပ် အကြပ်ကိုင်နေသူ အာဏာပိုင် ပုဂ္ဂိုလ်တချို့သည် အပြောင်းအလဲတခုကို သွေဖည်အောင် လမ်းကြောင်းတခုခုပေါ် မရောက်ရောက်အောင် အတင်းတွန်းပို့ နေသည်ဟု သုံးသပ်မိသည်...။ အရှုံးကို ရင်မဆိုင်ရဲသည့် လောင်းကစားဝိုင်းမှ ပွဲဖျက်လုယူ သူများ၏ အောက်တန်းကျသော အဆင့်သာသာ သာ ရှိပေတော့သည်။
Unknown at 10:10 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.