Monday, February 20, 2012

ရန်ကုန်မြို့ ၃၂ လမ်း (အထက်) တွင် မီးလောင် မှု ဖြစ်ပွား ခဲ့




ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့် တွင် ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ် ၃၂ လမ်း (အ ထက်) အိမ်အမှတ် ၂၁၅၊ ၂၁၇၊ ၂၁၉ အပေါ်ထပ် ရှစ်လွှာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ဒီတိုက်က ဆောက်ပြီးတာ သိပ် မကြာသေးဘူး။ သုံးလေးလ လောက် ပဲ ရှိဦးမယ်ထင်တယ်။ ဒီဇင်ဘာလ နယူးရီးယား တုန်းကလည်း ဒီတိုက်မှာ ပဲ တိုက်ပေါ်ကနေ ဓာတ်လှေကားမ တက်ရသေးတဲ့ အပေါက် ကနေပြုတ် ကြပြီးတော့ တစ်ယောက် သေဖူး သေးတယ်။ အခု လှမ်းကြည့်တော့ မီးညွန့်တွေ တွေ့ပြီး မီးခိုးတွေ ထွက်လာ တာတွေ့လို့ အောက်ဆင်းပြီး လာကြည့် တာ” ဟု အဆိုပါလမ်းတွင်နေထိုင် သူတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းခြင်းမှာ အဆို ပါ အခန်းတွင် အိမ်ခန်း အတွင်းပြင်ဆင် နေသော အလုပ်သမားများမှ PVC ရေ ပိုက်ကို မီးသွေးမီးဖိုနှင့် အပူပေးရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရ သည်။ “အပူပေးလို့ ကျန်တဲ့မီးကြွင်း မီး ကျန်တွေကနေ လောင်တာ။ ပိုက်တွေ ကို အပူပေးတာကနေစဖြစ်တာ။ မီး သွေးမီးဖိုနဲ့ အပူပေးတယ်လေ။ အလုပ် သမားတွေတော့ ထွက်ပြေးနေတယ်” ဟု အဆိုပါနေရာမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြသည်။
မီးလောင်ကျွမ်းချိန်မှာ ၄ နာရီ ၄၀ မိနစ်တွင်ဖြစ်ပြီး မီးငြိမ်းချိန်မှာ ၄ နာရီ ၅၅ မိနစ်ဖြစ်ကြောင်း၊ အဆိုပါ နေရာ သို့ မီးသတ်ယာဉ် ၁၅ စီးနှင့် အုပ်ချုပ် ယာဉ် ၃ စီးတို့ဖြင့်လာရောက်ငြှိမ်းသတ် ခြင်းဖြစ်သည် ဟုလည်းသိရသည်။ ယခု မီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၅ ကြိမ်မြောက် လောင်ကျွမ်းမှုဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၁၇ ရက် အထိ မီးလောင်ကျွမ်းမှု ၁၄ ကြိမ်ဖြစ် ပွားခဲ့သည်။
ဇန်န၀ါရီလ တွင် မြန်မာနိုင်ငံ တစ်ဝန်း မီးလောင်မှုအကြိမ်ပေါင်း ၁၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ အဆောက် အအုံ ၁၇၃ လုံးနှင့် စက်ရုံ၊ အလုပ်ရုံ ၃ ရုံ ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံး မှုတန်ဖိုး ခန့်မှန်းခြေ ငွေကျပ် ၇၃၁ သိန်း ကျော် ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှု ၁၂၃ ကြိမ်တွင် ရန်ကုန် တိုင်း ဒေသကြီး အတွင်း မီးလောင်မှုမှာ အကြိမ် ၃၀ ခန့် ရှိကြောင်း မီးသတ် ဦးစီးဌာန၏ သတင်းထုတ်ပြန် ချက် များအရ သိရသည်။
လူမင်းသောင်းထွန်း(မြန်မာပိုစ့်)
Unknown at 3:11 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.