Saturday, February 18, 2012

တာကာငွေ ၃၇ သိန်းဖို့ရှိ ဘိန်းဖြူများ မြန်မာနယ်စပ် အနီးတွင် ဖမ်းမိ

မောင်အေး
----------
ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က တာကာငွေ ၃၇ သိန်းဖိုးခန့်ရှိ ဘိန်းဖြူများကို မြန်မာ နယ်စပ်အနီးတွင် တည်ရှိသော ကော့စ်ဘဇားမြို့တွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။


Famale-Police-in-Bangladesh ဘင်္ဂလာဒေခ်ျ့မှ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များ
တာကာ ၃၇ သိန်းဖိုးရှိ ဘိန်းဖြူ ၁ ကီလို ၈၆၀ ဂရမ်ကို ဘိန်းဖြူ သယ်ဆောင်လာသူ အီဘာရာဟာမ်ချူးမာန် အတူ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီက ကော့စ်ဘဇားမြို့ အဝေးပြေး ကားဂိတ် အနီးတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဘင်္ဂလာ အာဏာပိုင်များက ပြောသည်။

ကောစ့်ဘဇားအခြေစိုက် အမှတ် ၁၇ ဘင်္ဂလား နယ်ခြားစောင့် တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဒက္ကားမြို့ကနေ အီဘာရာဟာမ် ချူးမာန် လိုက်ပါ လာသော Star line အမျိုးစား ဘတ်စ်ကားကို ကော့စ်ဘာဇားသို့ အ၀င်တွင် စစ်ဆေးစဉ် ဘိန်းဖြူများကို ဖမ်းဆီး ရမိခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်း ဒက္ကားမြို့ကနေ မြန်မာနယ်စပ် တက်ကနက်သို့ သွားသည့် ခရီးသည်တင် ဘတ်စ် ကားတစီးမှ ဘိန်းဖြူ ၁ ကီလို ၄၀၀ ဂရင်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

မြန်မာ ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘိန်းဖြူများကို မြန်မာနိုင်ငံတွင်းသို့တင်ပို့ နေကြသလို မြန်မာဘက်မှလည်း ယာဘားဆေးပြားများကို ဘင်္ဂလာဒေခ်ျ့သို့ တင်သွင်းနေကြသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့မှ မြန်မာသို့ တင်ပို့နေသော ဘိန်းဖြူများမှာ အာဖဂန်နိစ္စတန်မှ ပါကိစ္စတန်နှင့် အိန္ဒိယကို ဖြတ်ပြီး မြန်မာသို့ တင်သွင်းကာ မြန်မာမှ တဆင့် ထိုင်းနှင့် တရုတ်ဘက်ကို တင်ပို့ သော ဘိန်းဖြူများ ဖြစ်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။
Unknown at 11:01 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.