Tuesday, January 31, 2012

ဖေဖေါ်ဝါရီလ ၂ရက်နေ့တွင် ဈေးနှုန်း ထက်ဝက်နီးပါး လျှော့ချရောင်းချ ပေးသွားမည့် WiMax New Service


Broadband WiMax New Service ကိုစတင် ၀န်ဆောင်မှုပေးတော့မှာဖြစ်ပြီး စတင်ဝန်ဆောင်မှုပေးမယ့် ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ပုံမှန်တန်ဖိုးရဲ့ ဈေးနှုန်း ထက်ဝက်နီးပါး လျှော့ချရောင်း ချပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဈေးနှုန်း လျှော့ချပေးရာမှာ ပုံမှန်တန်ဖိုး ကျပ်ခြောက်သိန်း သုံးသောင်း အစား ကနဦးတပ်ဆင်ခ ကျပ် သုံးသိန်းခြောက်သောင်းနဲ့ရောင်းချ မှာဖြစ်ပြီး နောက်ပိုင်း မှာတော့ ပုံမှန်ဈေးနှုန်းအတိုင်း သာ ရောင်းချ သွားမှာ ဖြစ်ပါတယ်။

အဆိုပါ WiMax New Service ဟာ အရင်လို Outdoor အင်တန်နာနဲ့ တိုင်ထောင်ပြီး သုံးစရာမလိုဘဲ Indoor ယူနစ် တစ်ခုတည်းနဲ့ သုံးလို့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုစတင် ၀န်ဆောင်မှုပေးမယ့်  WiMax New Service ကတော့ ငွေ သွင်းပြီးတာနဲ့ စတင်အသုံး ပြုလို့ ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်အဆိုပါ WiMax New Service ကို ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီး ၁၀ရုံကို တပ်ဆင်လှူဒါန်းမှု များ ပြုလုပ်သွားမှာဖြစ်တယ်လို့  Redlink Communications မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
Unknown at 11:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.