Friday, January 20, 2012

ဖားကန့်မြို့နယ်၌ KIA အဖွဲ့က ထောင်ထားသော မိုင်းများနင်းမိသဖြင့် အပြစ်မဲ့ ပြည်သူသုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

ဖားကန့်မြို့နယ်မှ မိုးကောင်းမြို့သွား ခရီးသည်တင်မှန်လုံယာဉ် တစ်စီးသည် ဇန်နဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ကာမိုင်းမြို့နယ်ခွဲ ခွန်ဆိုင်ဇွပ်ရွာအနီး ကားလမ်းယာဘက်ဘေး၌ ခေတ္တရပ်နားစဉ် ကားပေါ်မှဆင်းပြီး အပေါ့သွားသူခရီးသည် မင်းပြားမြို့နယ် ဆင်အိုးချေကျေးရွာနေ မောင်ဆန်းဝင်း အသက်(၁၈) နှစ်သည် KIA သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပြီး ပေါက်ကွဲခဲ့သဖြင့် ၎င်းမောင်ဆန်းဝင်းနှင့် အမျိုးသား တစ်ဦး (စိစစ်ဆဲ)တို့နှစ်ဦး အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့ပြင် မိုင်းပေါက်ကွဲမှုကြောင့် ယာပေါင်းကျိုး၊ ယာတံတောင်ဆစ်နှင့် လက်ဖျံခြောက်လက်မခန့် ပွင့်ထွက်၊ ဝဲခြေဖျားမှ ဒူးအထိ ညိုမဲဒဏ်ရာများ ရရှိခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စင်အုံးရွာနေ မောင်အောင်ထွန်းခိုင် အသက် (၂၁) နှစ်မှာ မိုးကောင်းဆေးရုံသို့ ပို့ဆောင်စဉ် မိုးကောင်း မြို့အဝင်၌ ရရှိဒဏ်ရာဖြင့်ပင် သေဆုံးသွားကြောင်း သိရှိရသည်။ အလားတူ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု နမ့်စန်း(၂) ကျေးရွာနေ မောင်ရွှေတိုးအောင် အသက် (၁၈) နှစ်သည် ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ယင်းကျေးရွာ မူလတန်းကျောင်းနှင့် ကိုက်(၅၀) ခန့်အကွာ လမ်းမပေါ်၌ KIA အဖွဲ့မှထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ဘယ်ခြေသလုံးကျိုးကြေ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာအား တာဝန်ရှိသူများက လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:40 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.