Saturday, January 28, 2012

CDMA 450MHz ဖုန်းလိုင်းများ ထပ်မံတိုးချဲ့


 ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် CDMA 450MHz ဖုန်းလိုင်းများ ထပ်မံတိုးချဲ့လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းတွင် အဆိုပါ CDMA ဖုန်းလိုင်းများ လည်းပါဝင်မည်ဖြစ်ပြီး ယခုအခါ၎င်းစီမံချက်အတွက် လိုင်းများတိုးချဲ့နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းကလည်း CDMA 450MHz လိုင်းများတိုးချဲ့ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလ ၆ ရက် နေ့မှစတင်ကာ ငဖဲ(နတ်ရေကန်) တွင် လိုင်းအင်အား (၁၂၅၀)ကို လည်းကောင်း၊ ဇန်န၀ါရီ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်း (စဉ့်ကူး)တွင်လိုင်းအင်အား (၁၂၅၀) ကိုလည်းကောင်း၊ ဇန်န၀ါရီ ၁၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ (၂) တွင် လိုင်းအင်အား (၁၇၅၀)နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းငေါ့တွင် လိုင်းအင်အား (၃၀၀) ကိုလည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု ရတနာပုံဝက်ဘ်ပေါ်တယ်လ်တွင် သတင်းထုတ်ပြန်သည်။ ပြည်တွင်း၌ CDMA 450MHz, CDMA 800MHz, GSM အစရှိသည့်ဖုန်းများကို အသုံးပြုလျက်ရှိပြီး CMDA 450MHz ဖုန်းများမှာ အင်တာနက်အသုံးပြုနိုင်ခြင်းမရှိသော ဖုန်းအမျိုးအစားဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အဆိုပါဖုန်းများကို အင်တာနက်စနစ်တပ်ဆင်ချထားပေးရန် အစီအစဉ်မရှိကြောင်း သိရသည်။ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းပထမနှစ်တွင် CDMA ဖုန်းအလုံးရေတစ်သိန်း ပါဝင်မည်ဟုသိရသည်။
Unknown at 9:27 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.