Tuesday, January 31, 2012

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား




ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင်ရန် လိုလားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထိုသို့ ပြောဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂) ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် စာစောင်တွင် ဖော်ပြခဲ့သည့် အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့ အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လည့်လို့ မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး၌ ပြောကြားခဲ့ပါသည်။ “တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး။ ကျွန်မအနေနဲ့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုရှိမှ ဒီမိုကရေစီရေးရာ အောင်မြင်နိုင်မယ်လို့ ပြောတာဟာ လိုအပ်ချက်အရရော၊ လိုလားချက်အရပါ ပြောတာပါ။ လိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုအပ်တယ်။ ကျွန်မအနေနဲ့လည်း စစ်တပ်က ပူးပေါင်းပါဝင်လာတာကို လိုလားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးထဲ၌ ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
Unknown at 10:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.