အစ္စရေးနိုင်ငံမှ ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီး တစ်ခုဖြစ်သော GILAT Satcom ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး ဂြိုဟ်တုစနစ်နှင့် အခြားသော ဆက်သွယ်ရေးလုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုလွှတ်တင်မှု အစီအစဉ်ကို လက်ရှိ ကာလအထိ စီစဉ်နေရဆဲ ဖြစ်နေကာ ၎င်းတို့ ကုမ္ပဏီအနေဖြင့် လုပ်ကွက်ရယူလိုနေသည်ဟု ဆိုသည်။ “ကျွန်တော်တို့က ဂြိုဟ်တုစနစ်တွေရဲ့ ဆက်သွယ်ရေးကွန်ရက် ကိစ္စမျိုးစုံကို လုပ်ဆောင်ပေး ဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားပါတယ်၊ တခြားသောဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေကို လည်း ဆွေးနွေးခဲ့ပါတယ်၊ မြန်မာနိုင်ငံက UMFCCI ကိုလည်း ရောက်ခဲ့ပါတယ်”ဟု GILAT မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mr.Itzik Baron ကပြောကြားသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အစ္စရေးသံရုံး၏ အကူအညီဖြင့် ယင်းကဲ့သို့ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီအချိန်မှာ အစ္စရေးရဲ့ GILAT က မလွတ်တမ်းဝင်လာရင်တော့ ပိုပြီးအဆင်ပြေသွားမှာပါ၊ သူတို့က မြန်မာမှာလုပ်ငန်းတွေလုပ်ချင်တယ်၊ ဘာလုပ်ရမယ်မှန်း မသိသေးဘူး” ဟု GILAT ၏ စီးပွားရေး စီမံခန့်ခွဲမှု မန်နေဂျာဖြစ်သူ ဒေါက်တာဇော်မင်း က ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေဖြင့် မြန်မာ့စီးပွားရေးဈေးကွက် အတွင်း မြန်ဆန်စွာ ဝင်ရောက်နိုင်ရေးအတွက် စီစဉ်နေမှုများရှိနေပြီး ၎င်းတို့၏ www.gilat.net တွင်လည်း မြန်မာဘက်မှ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်/
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge