Saturday, January 21, 2012

ခြိုးခြိုးခြံခြံ ပန်းစိုက်စားခဲ့တဲ့ အဘွားဒေါ်ခင်ကြည် (ခင်ညွန့် ဖတ်ရန်)

ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်းတွင် ဒေါ်ခင်ကြည်သည် သူ့မိသားစုနှင့်အတူ ခြိုးခြိုးခြံခြံ နေထိုင်ခဲ့ပုံကို
ပေဖူးလွှာမဂ္ဂဇင်းတွင် ‘ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၏ မျက်စိရောဂါ’ ဆောင်းပါး၌ သခင်အောင်ကြီး (ပေါင်းတည်) ကဤသို့ ရေးသားခဲ့ဖူးသည်။

‘နွေရာသီပူအိုက်သော သင်္ကြန် မတိုင်မီ ရက်တစ်ရက်ကဖြစ်ပါတယ်။ကျွန်တော်မာဇဒါ ဆလွန်းကားလေးကို
ကိုယ်တိုင် မောင်းကာ ယူနီဗာစီတီရိပ်သာလမ်းက ခြံကြီးဟာ အင်းလျားကန်စပ်မှာ ရှိပြီး အတော်ကျယ်တန်
သလောက်ကျယ်ပါတယ်။ သရက်ပင်၊ ငှက်ပျောပင်၊ အုန်းပင်တွေနဲ့ ပြည့်နှက်လျက်ရှိပြီး မာလကာပင်၊ သံပရို
ပင်တွေ၊ စက္ကူပန်းပင်တွေ အစုလိုက်၊ အစုလိုက်ရှိပါတယ်။ ပန်းမျိုး စုံရှိတဲ့ ငွေဖလားကြီးတွေနှင့် တင့်တယ်လှပ
တဲ့ ခေါင်းလောင်းပုံသဏ္ဍန်အဖြူပွင့်တွေသာပွင့်တဲ့လီလီဆိုတဲ့ အနောက်နိုင်ငံက ပန်းတစ်မျိုး ကိုသာ အခင်းနှင့်
အခင်းနှင့်စိုက်ပါတယ်။

အဲ့ဒီခြံကြီးတစ်ခုလုံးကို မာလီအိုကြီးတစ်ဦးနှင့် ဒေါ်ခင်ကြည်တို့ကိုယ်တိုင် စိုက်ကြပါတယ်။

ပန်း တွေဟာ ဈေးဖိုးကာမိသလောက် ကာမိပါတယ်။ ဗိုလ်ချုပ်ကတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးစဉ်က
အာဇာနည်ကြီးများရဲ့ ဇနီးကို ထောက်ပံ့တဲ့ ပင်စင်ကလေးနှင့် ငွေတစ်ထောင်ပေါ့ခင်ဗျာ။

အဲဒီခြံကရတဲ့ပန်းဝင်ငွေ ကလေးနှင့် မျှတအောင် နေခဲ့ပါတယ်။ တစ်ခါမျှ ညည်းတာမရှိခဲ့ပါဘူး။

အမေရိကန်မှာ အလုပ်လုပ်နေရှာတဲ့သူ့သားကြီး အောင်ဆန်းဦးနဲ့ အင်္ဂလန်မှာနေတဲ့ သမီးအောင်ဆန်း
စုကြည်တို့ထံမှ ထောက်ပံ့တာလည်း လုံးဝ ဘူးပယ် လက်မခံ ရုံမက တစ်ခါက ဘဏ္ဍာရေးဒုဝန်ကြီး ဦးချစ်မောင်
(ယခုရှေ့နေလိုက်သူ) ကလာရောက် ပြောပြသည့်အတွက် သူ့ရပိုင်ခွင့်ရှတဲ့ မိခင်နှင့် ကလေး စောက်ရှောက်ရေး ဌာန
ညွှန်မှုး လုပ်သက်၊ အိန္ဒိယပြည်နယူးဒေလီမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြိးအဖြစ် အလုပ်လုပ်ခဲ့တဲ့ လုပ်သက်
များအရ ရရှိခဲ့တဲ့ ပင်စင်ကလေးကိုတောင် စွန့်လွှတ်ပြီး ကျစ်ကျစ်လျစ်လျစ်ကလေးပဲ နေထိုင်ခဲ့ရှာသူ
ဖြစ်ပါတယ်။ နိုင်ငံဂုဏ်ရည်တွေ ပေးတဲ့အချိန် အရောက်မှာ ကျွန်တော်တို့တစ်တွေ နိုင်ငံဂုဏ်ရည် ပင်စင်နှင့် အစိုးရ
လုပ်သက်ပင်စင်နှစ်ခုတွဲရတဲ့ အခါမှ ပြန်လည် ရခဲ့ပါတယ်။

အဲဒီလောက်ခြိုးခြံပြီး နေနိုင်သူဖြစ်ပါတယ်။




ဒေါ်ခင်ကြည်၏ သမီး ဒေါ်အောင်ဆန်းစုကြည် ရော နေအိမ်အကျဉ်းသက်တမ်း ၁၆ နှစ်တွင် မည်ကဲ့သို့ နေထိုင်စားသောက်သည်ကို သင်သိပါသလော .... ဦးခင်ညွန့် .... သင် ၀တ်ရန်
အတွက် အမေစု ထံမှ ကြုံလျှင် ထမီတစ်ထည် တောင်းပေးမည်။

*** ( ဒီ Note ကို ဖတ်ကျသူတိုင်း သရဲဘောကြောင်တဲ့ ဦးခင်ညွန့် ဆီကို ရောက်သည်အထိ ရှယ်ပေးကျပါ )


Unknown at 9:30 AM
Share

1 comment:

  1. humanhankokoJanuary 24, 2012 at 10:33 AM

    ဦးခင်ညွန့်ပြောသလို အကျဉ်းစံဘ၀မှာ ပန်းစိုက်လို့သာ ၀မ်းကျောင်းခဲ့ရတယ်ဆိုရင် ဒေါ်မမ (ဗိုလ်ချုပ်ကြီး ခင်မောင်သန်းသမီး) သွားတွေ့တုန်းက ဓါတ်ပုံမှာ သူ့အိမ်က အရာရာဟာ ရွှေရောင်တွေတောက်နေအောင် ရွှေချထားနိုင်တာတွေက ဘယ်က ရခဲ့တာလဲ?/ မဖြစ်နိုင်ပါ။ အခုဆိုရင် ဇေကမ္ဘာ ဦးခင်ရွှေက သူ့ ပညာရေးဖောင်ဒေးရှင်းမှာ နာယက လုပ်ပေးခိုင်းပြီး တစ်လကို ဒေါ်လာ ငါးထောင်ပေးမယ်လို့ ဆိုပါတယ်။ ဒီဝင်ငွေဟာ သူတစ်ချိန်က အကာအကွယ်ပေးပီး လုပ်ချင်သလို လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ သူဌေးကြီးတဦးက ပြန်ပြီး ပေးတဲ့ဝင်ငွေပါ။ ဒီပမာဏဟာ တကယ် ဦးနှောက်အစားခံ အပင်ပန်းခံ အပြောအဆို ဝေဖန်ခံပီး လုပ်နေတဲ့ သမ္မတကြီးလောက်နီးပါရနေမှာပါ။ သူတပါးရတာကို မနာလိုတာ မဟုတ်ပေမယ့် သူလိုလူတွေဟာ တကယ်သာ ၀င်ငွေတောင်တောင်တင်တင်းနှင့် ပြန်လည် နလန်ထူလာရင် နိုင်ငံအာဏာသိမ်းပိုက်ပြီး ရောင်းမစားဘူးလို့ မပြောနိုင်ပါ။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.