Wednesday, January 11, 2012

အိမ်ရှင်အဖြစ် ငါးနိုင်ငံပြိုင်ကားမောင်းပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ငါးနိုင်ငံပြိုင်ကားမောင်းပြိုင်ပွဲကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့သုဝဏ္ဏအားကစားနယ်မြေ Top Ruby Land Racing Karts Club က စီစဉ်ခြင်းဖြစ်ကာ အဆိုပါ Club တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်း Club မှ MD ဦးအောင်နိုင်ဦး ကဆိုသည်။ ချစ်ကြည်ရေးသဘောအရ ပြုလုပ်ရန်ဖိတ်ခေါ်ထားသော ပြိုင်ပွဲဖြစ်ပြီးလာရောက်ယှဉ်ပြိုင်မည့် နိုင်ငံ များမှာ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် စင်ကာပူတို့ဖြစ်ကြောင်း သိရသည်။

ပြိုင်ကားမောင်းအားကစားသမားများမှာ အဆိုပါနိုင်ငံများမှ တစ်နိုင်ငံလျှင် ၂၀ ဦးစီဖိတ်ခေါ် ထားကြောင်း၊ ပြိုင်ပွဲကျင်းပရန် ရည်ရွယ်ခြင်းမှာ အဆင့်မြင့်အားကစားနည်းဆိုသည်ကို သိစေလို၍ဖြစ်ကြောင်း ယင်းကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲတွင် တစ်ဦးသာဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ SEA Games တွင်ပြိုင်ကားမောင်းအားကစားကို ၀င်ပြိုင်မည့်သူများ မွေးထုတ်လိုသည့်အတွက် ဖြစ်ကြောင်းသိရ သည်။ Top Ruby Land Racing Karts Club ကို ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကာ နိုင်ငံတကာအဆင့်ရှိ ပြိုင် ကားပြိုင်ပွဲများကို ကျင်းပရန်ထိရည်ရွယ်ထားသည်ဟု ပြည်မြန်မာသတင်းဂျာနယ် မှာဖော်ပြထားပါသည်။
Unknown at 9:26 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.