Saturday, January 7, 2012

မိန်းကလေးများသထိထားရန်ကူးယူတင်ပြလိုက်သည် ..သတိ....


အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။
သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊
အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့
ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေရှောင်ရှား နိုင်ကြပါစေ
Unknown at 9:05 PM
Share

17 comments:

  1. AnonymousJanuary 8, 2012 at 6:27 PM

    ဒီလို ဆေးတွယ် ၀ယ်ယူရနိုင်တဲ့နေရာတွေကို အရင် ပိတ်ပင်တားဆီးသင့်ပါတယ် . . နောက်ဒီလို မဒိမ်းမှု မြောက်စေတဲ့ အပြစ်သားတွေကိုလည်း လူသိရှင်ကြား သတင်းမီဒီယာတွေကတစ်ဆင့် ရုပ်ပုံတွေ ထုတ်ပြစေချင်တယ် ဒါမှ ပြည်သူတွေလဲ ရှောင်လို့ ရ...ဒီလို လူတွေလဲ နောက်နောင် လူတောမတိုးရဲအောင် အရှက်ရစေမယ် . . .

    ReplyDelete
    Replies
      Reply
  2. nwaykantkawJanuary 19, 2012 at 5:47 AM

    ပုံထဲကကောင်မ၀တ်ထားတဲ့ပုံစံကလည်း လာပါလာပါ ခေါ်နေသလားပဲ

    ReplyDelete
    Replies
      Reply
  3. AnonymousJanuary 19, 2012 at 1:09 PM

    ကောင်းပါတယ်ဗျာဒီလိုသတိပေးတာတော့
    အားလုံးအတွှက်အဆင်ပြေစေတာပေါ့ ဒါက ဖြစ်သင့်တာတွေကိုး ဒါကြောင့်ခုခေတ်က မီဒီယာခေတ်ဆိုတော့ပြောလိုက်တာနဲ့တမ်းကို သိကြတယ် ဖြစ်သင့်တယ်ကောင်းတယ်နော်

    ReplyDelete
    Replies
      Reply
  4. zawmoehetetJanuary 19, 2012 at 1:17 PM

    မိန်းကလေးတွေ အထွေထွေ ဗဟုသုတ ပြည့်စုံဘို့ စာများများဖတ်ကြပါစို့. . .

    ReplyDelete
    Replies
      Reply
  5. capt.kmtJanuary 19, 2012 at 4:11 PM

    Must give them, maximum penalty.

    ReplyDelete
    Replies
      Reply
  6. capt.kmtJanuary 19, 2012 at 4:13 PM

    maximum penalty. must.

    ReplyDelete
    Replies
      Reply
  7. agghiya.orchidJanuary 19, 2012 at 4:38 PM

    မလုံ့တလုံဝတ်စားတတ်တဲ့ မိန်းကလေးတွေကိုဒီသင်ခန်းစာတွေများများပို့ပေးဖို့လိုအပ်ပါတယ်. ကောင်းပါတယ် ဆက်လက်ကြီူးစားပေးပါ သယ်ရင်း.....

    ReplyDelete
    Replies
      Reply
  8. bogyokhtainJanuary 19, 2012 at 8:24 PM

    သိပ် ကောင်း ပါ် တယ် အ ခု့ လို မြန် မာ မိန် က လေး တွေ အ တွက် သ တိ ပေး တာ ကျေး ဇူး တင် ပါ တ် ခင် ဗျာ

    ReplyDelete
    Replies
      Reply
  9. myolayJanuary 20, 2012 at 12:09 PM

    ကောင်းပါတယ်ဗျာပို့(စ်)လေးက။။အားလုံးကိုသတိပေးသလိုဖြစ်သွားတာပေါ့..။

    ReplyDelete
    Replies
      Reply
  10. fancyloveJanuary 20, 2012 at 4:30 PM

    မိန်းကလေးများသတိထားရမယ်.အရာတွေအရမ်းကိုများနေပါပြီ။အခုလိုသတိပေးစာများပေးပို.တာအရမ်းကျေးဇူးတင်ပါတယ်။။။။ မြန်မာမိန်းကလေးများအ၀တ်စားဝတ်ရာမှာခေတ်မှီတာထက်ခေတ်ဆန်လွန်တာတွေကိုလည်းပြင်သင့်တယ်လို့ထင်ပါတယ်။။။။။။။။။။။။။။။

    ReplyDelete
    Replies
      Reply
  11. naungnaungJanuary 20, 2012 at 5:21 PM

    မိန်ကလေးများသို့ သိထားစေလိုပါသည် စာအုပ်စာပေကောင်းများကိုဖတ်သင်ပါတယ် ဟာသတွေ အပျော်တမ်းစာတွေဖတ်မည့်အစား ကောင်းသောစာပေများ ကို ရွေးချယ်ဖတ်ကြပါစို့လား ဘ၀ဆိုတာစာပေထဲမှာလဲအများကြီးပါပါတယ်ဆိုတာ လူတိုင်းသိထားသင့်တဲ့အချက်ပါပဲ


    သက်တန့်နောင် (အင်းလေး)

    ReplyDelete
    Replies
      Reply
  12. paing Gyi and kg satJanuary 20, 2012 at 6:33 PM

    မိန်းကလေးတွေကကို မုဒိန်းမှုဖြစ်အောင် အ၀တ်အစားနဲ့ ဆွဲဆောင်သလိုဖြစ်နေတာဗျာ..............

    ReplyDelete
    Replies
      Reply
  13. SayarlayJanuary 20, 2012 at 10:09 PM

    အောက်ပါလင့်ခ်လေးကို အားရင် ဝင်ကြည့်ကြပါ

    http://www.hoax-slayer.com/burundanga-warning.shtml

    ReplyDelete
    Replies
      Reply
  14. snowwhitekokoJanuary 21, 2012 at 5:31 AM

    ဒီလိုသတင်းတွေက ဗဟုသုတလည်းရတယ် သင်ခန်းစာလည်းရတယ်...... ယူတတ်မယ်ဆိုရင်ပေါ့.....

    ReplyDelete
    Replies
      Reply
  15. nawchrist2012January 23, 2012 at 11:29 AM

    ဟူတ်တယ်နော်သတိထားရမယ်နော်အစစအရာရာပေါ.

    ReplyDelete
    Replies
      Reply
  16. taboung lwinFebruary 7, 2012 at 12:47 PM

    JJjrefrmrdef;cav; rsm;twGufowday;wm aus;Zl;wifygw,f?jrefrmjynfrSm aq;0gwcsdKUu
    atmufvrf;u0ifwmqdkawmwm;jrpfzdkurvG,fbl;av/
    pdwfcscsif&ifawmb,fudkoGm;oGm;wpfa,mufwnf;roGm;ygeJ&ifESD;aomolwpfa,mufa,mufudktygac:oGm;oifhygw,f/

    ReplyDelete
    Replies
      Reply
  17. NLD Generation February 14, 2012 at 6:36 PM

    ကျေးဇူးတင်ပါတယ် ဒီပိုစ့်လေးအတွက် သတိထားရမယ့် အရာတွေပဲ....

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.