Friday, January 20, 2012

မိုဘိုင်းဖုန်း အားလုံး ကြိုတင် ငွေပေးချေကတ် စနစ်ကို ပြောင်းလဲတော့မည်

မြန်မာ့ဆက်သွယ်ရေး ငွေစာရင်းဌာနသို့ လူကိုယ်တိုင် သွားရောက်၍ ဖုန်းဘီလ်ပေးဆောင်နေရသည့် မိုဘိုင်းဖုန်း အားလုံးတို့သည် ကြိုတင် ငွေပေးချေကတ် စနစ်ကို ပြောင်းလဲ အသုံးပြုရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရသိရှိရသည်။
“Postpaid စနစ်နဲ့ အသုံးပြုလိုလား၊ Prepaid စနစ်နဲ့ အသုံးပြု လိုလားဆိုတာ မိုဘိုင်းဖုန်း အသုံးပြုသူတွေကို အခု စစ်တမ်းကောက် နေတယ်။ ကွန်ရက်တည်ဆောက်ဖို့အတွက် Prepaid စနစ်အသုံး ပြုလိုသူ အရေအတွက်ကို သိမှဖြစ်မှာ” ဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
အဆိုပါ ကြိုတင် ငွေပေးချေကတ် စနစ်ကို အသုံးမပြုလိုပါက အွန်လိုင်းတယ်လီဖုန်း ဘီလ်ပေးဆောင်သည့် စနစ်ကိုသာ ဆက်လက် အသုံးပြုရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
လက်ရှိအချိန်တွင် ငွေစာရင်းဌာနသို့ သွားရောက် ဘီလ်ဆောင် နေရသည့် မိုဘိုင်းဖုန်းအားလုံးထံမှ ဘီလ်စနစ်အတွက် အသုံးပြုလိုသည့် စစ်တမ်းကို SMS စနစ်ဖြင့် ကောက်ယူလျက် ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးဘဏ်နှင့် အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်တို့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း၍ အွန်လိုင်းတယ်လီဖုန်း ဘီလ်စနစ်ကို ရတနာပုံဝက်ဘ်ပေါ်တယ်မှ တစ်ဆင့် ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုကို ကြိုတင် ငွေပေးချေကတ် စနစ်အသုံးမပြုလိုသည့် မိုဘိုင်းဖုန်းပိုင်ရှင်များ ဆက်လက်အသုံးပြုရမည် ဖြစ်ပြီး အွန်လိုင်းတယ်လီဖုန်း ဘီလ်စနစ်အတွက် အွန်လိုင်းဘဏ် အကောင့်များလည်း ဖွင့်လှစ်ရမည် ဖြစ်သည်။
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများသည် မိုဘိုင်းဖုန်း အားလုံးကို ကြိုတင် ငွေပေးချေကတ် စနစ်သို့ ပြောင်းလဲရန်နှင့် အော်တိုကြိုးဖုန်းများကို ကြိုတင်ငွေပေးချေကတ် စနစ်ပြောင်းလဲသွားမည်ဟု ၂၀၁၁ ခုနှစ်မှ စတင် ပြောဆိုခဲ့သော်လည်း တိကျစွာ ပြောင်းလဲ အသုံးပြုရမည့် နေ့ရက်ကိုမူ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။

ယခုနှစ် မကုန်ခင်၌ အော်တိုကြိုးဖုန်းများကို ကြိုတင်ငွေပေးချေသည့် ကတ်စနစ်သို့ ပြောင်းလဲသွားရန် အစီအစဉ်ရှိကြောင်း ပထမဆင့် ပြောင်းလဲမှုတွင် ဂဏန်းခုနှစ်လုံး ပါဝင်သည့် အော်တိုကြိုးဖုန်းများကို စမ်းသပ်အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး အခြားသော အော်တိုကြိုးဖုန်းများအတွက် ကြိုတင်ငွေပေးချေကတ် စနစ်အသုံးပြုနိုင်ခြင်းမှာ အချိန်ဆက်လက် ကြာမြင့်နိုင်ကြောင်း အော်တိုကြိုးဖုန်း မှသိရှိရသည်။
ဥာဏ်ဥာဏ်(ရွှေမြစ်မခ)
Unknown at 9:37 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.