Thursday, January 19, 2012

ကိုယ်ဝန်ဆောင် ကျောင်းဆရာမကို မြန်မာအစိုးရတပ်မှ ပစ်သတ်



ying-wang-hpakant
မြန်မာအစိုးရစစ်တပ် ခလရ ၅၈ မှ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကချင်ကျောင်းဆရာမ Mangshang Ying Wang အား ဖားကန့်လမ်း ကားမိုင်းတွင် မြေမြှပ် သဂြိုလ်နေပုံ။
ကချင်ပြည်နယ် အနောက်ဘက် ဖားကန့် မြို့နယ်တွင် ကိုယ်ဝန်နှင့် ကျောင်းဆရာမတဦးသည် မြန်မာအစိုးရ စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကားမိုင် ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံများပြောသည်။

ကိုယ်ဝန်ရှိသူ အသက်၂၂ အရွယ်ခန့် ဆရာမ မန်ရှန် ယိန်းဝမ် (Mangshang Ying Wang)နှင့် ယောက်မဖြစ်သူ ဂေါ့လူ ဆိုင်းခေါန် (Gawlu Seng Hkawn) တို့သည် ဖားကန့်လမ်းပိုင်း နမ်ယာ (Nam Ya) နှင့် ကပ်မှော် (Kapmaw) ကြား ဇန်နဝါရီ ၁၁ ရက်နံနက် ၉ နာရီတွင် မြန်မာအစိုးရ စစ်ကြောင်းတခု နှင့် ဆုံတွေ့စဉ် ထိုစစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရရှိသွားသည်။

ထိုနေ့ ညနေ ၄ နာရီတွင် လည်ပင်းအရင်းတွင် ရရှိသောဒဏ်ရာကြောင့် ကိုယ်ဝန် ၄ လနှင့် ဆရာမ ယိန်းဝမ် သေဆုံးသွားသည်။

ယောက်မဖြစ်သူမှာ လည်းပင်းနှင့် ပခုံးစပ်တွင် သေနတ်ဒဏ်ရာ တခု၊ အပြင်ဘယ်ဘက် ပေါင်နောက်ဘက်ပိုင်း တွင် သေနတ်ဒဏ်ရာ တခု သာရရှိပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။


ying-wang
မြန်မာအစိုးရစစ်သားများ၏ ပစ်ခတ်မှုကြောင့် လည်ပင်းအရင်းတွင်ရရှိတဲ့ ဒဏ်ရာဖြင့် ကားမိုင်းဆေးရုံတွင် သေဆုံးခဲ့တဲ့ ဆရာမယိန်းဝမ်။
၎င်းတို့သည် ကားမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇုံနယ် ဆိုင်းဖရာ (Seng Hpra mare) ကျေးရွာမှဖြစ်ကာ ဆရာမမှာ ထိုကပ်မှော်ဇုံနယ်ရှိ ခွမ်စိုင်ဇွမ် (Hkumtsai Zup mare) ကျေးရွာမှ ကျောင်းဆရာမ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

ပစ်ခတ်သွားကြသည့် မြန်မာအစိုးရတပ်မှာ ဗိုလ်မှူး ရဲမင်းသွေး၊ ဗိုလ်မှူး ကိုကိုလတ်၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးစီးသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)အောက် ဝိုင်းမော်နယ်မြေခံ ခလရ အမှတ်(၅၈) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။


source by :
http://kachinnews.com
Unknown at 1:31 AM
Share

1 comment:

  1. Ar PanJanuary 20, 2012 at 8:02 PM

့လူလူချင်းကိုမစာနာနိုင်ကြဘူး။အထူးသဖြင့်ဆို တိုင်းရင်းသားတွေကို နှိမ်ဖို့နဲ့နှိက်ဆက်ဖို့ဆိုထိပ်ဆုံးကပဲ။ လူမဆန်လိုက်ကြတာ ကိုယ့်ကလဲ့ကျမှသိကြမှာပေါ့။ ဘုရားသခင်က အလကားတော့ဆောင့်ကြည်မနေပါဘူး။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.